Myanmar Digital News

ကမ္ဘာတစ်ဝန်း ဝန်ဆောင်မှုရပ်တန့်မှုဖြစ်ပွားပြီးနောက် မိုက်ခရိုဆော့ဖ်၏ဝန်ဆောင်မှုများ ပြန်လည် ပုံမှန်လည်ပတ်

ဝါရှင်တန်   နိုဝင်ဘာ   ၁၅

ကမ္ဘာတစ်ဝန်း တစ်ရက်ကျော် ကြာဝန်ဆောင်မှုများ ရပ်တန့်ခဲ့ပြီးနောက် အမေရိကန်နည်းပညာကုမ္ပဏီကြီး မိုက်ခရိုဆော့ဖ်၏ ဝန်ဆောင်မှုအားလုံး ပြန်လည်ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ကုမ္ပဏီက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မိုက်ခရိုဆော့ဖ်ဝန်ဆောင်မှု အပြည့်အဝပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။ အဆိုပါဝန်ဆောင်မှု အီးမေးလ်ပြတ်တောက်မှုကြောင့် ဝန်ဆောင်မှု Outlook နှင့် အွန်လိုင်းအစည်းအဝေးပြုလုပ်သည့် ပလက်ဖောင်း Teams အပါအဝင် ဝန်ဆောင်မှုအချို့ ထိခိုက်ခဲ့သည်။ ကုမ္ပဏီက လူမှုကွန်ရက်မှတစ်ဆင့် ဖြစ်စဉ်၏ အရင်းခံပြဿနာကို ဖြေရှင်းရန် ဆောင်ရွက်မှုများ အပြီးသတ်လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ဆိုက်ဘာ ယင်းဖြစ်စဉ်သည် တိုက်ခိုက်မှု သို့မဟုတ် ဉာဏ်ရည်တုနည်းပညာ(AI) နှင့် သက်ဆိုင် ခြင်းမရှိဘဲ ယခင်ကွန်ရက်စွမ်း ဆောင်ရည်မြှင့်တင်မှုလုပ်ငန်းစဉ်အတွင်း ဖြစ်ပေါ်ခဲ့သည့် နည်းပညာ ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်က ရှင်းလင်းပြောကြားသည်။

ထို့ပြင်သုံးစွဲသူများသည် နေ့စဉ် အရေးကြီးသောလုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် ကုမ္ပဏီ၏ ဝန်ဆောင်မှုများအပေါ် အားထားနေရကြောင်း၊ ယခုဝန်ဆောင်မှု ပြတ်တောက်မှုကြောင့် သုံးစွဲသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ကြုံတွေ့ခဲ့ရသည့် အနှောင့်အယှက်များအတွက် အထူးတောင်းပန် ကြောင်း ကုမ္ပဏီက ပြောကြားသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News