
ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကိုယ်ပိုင်တီထွင်ထားသော တန်ချိန် ၁၀ တန် လျှပ်စစ်စီးပွားဖြစ်လေယာဉ် CE-25A သည် လူလိုက်ပါမောင်းနှင်သည့် ပထမဆုံးပျံသန်းမှုကို နိုဝင်ဘာ ၁၄ ရက်က အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း တရုတ်စီးပွားဖြစ်လေယာဉ်ကော်ပိုရေးရှင်း (COMAC) ကုမ္ပဏီ၏ အဆိုအရ သိရသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ပင်းကျိုးမြို့၌ ပြုလုပ်ခဲ့သော အဆိုပါပျံသန်းမှုအတွင်း လေယာဉ်ပေါ်၌ လေယာဉ်မှူး နှစ်ဦးနှင့် စမ်းသပ်ပျံသန်းရေး အင်ဂျင်နီယာ တစ်ဦးတို့ လိုက်ပါခဲ့ကြသည်။ လေယာဉ်သည် ပုံမှန်အတိုင်း လည်ပတ်ပျံသန်းနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ဆိုင်ရာ အညွှန်းကိန်းများအားလုံးမှာလည်း မျှော်မှန်းထားသည့်အတိုင်း ပြည့်မီခဲ့ကြောင်း COMAC က ပြောကြားခဲ့သည်။
CE-25A သည် COMAC ၏ ပထမဆုံး လျှပ်စစ်စီးပွားဖြစ်လေယာဉ်ဖြစ်သည်။ မြို့ကြီးများအကြား စီးပွားဖြစ် ပျံသန်းမှုများအတွက် အဓိကထား ဒီဇိုင်းထုတ်ထားသည့် ၎င်းလေယာဉ်သည် ခရီးသည် ၁၉ ဦးအထိ တင်ဆောင်နိုင်ကာ အများဆုံး ပျံတက်နိုင်သည့် အလေးချိန်မှာ ၁၀ တန် ဖြစ်သည်။ ၎င်းသည် တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ နှုန်းဖြင့် ပျံသန်းနိုင်ပြီး ပျံသန်းသည့်အမြင့်မှာ မီတာ ၂,၄၀၀ ဖြစ်ကာ ခရီးအကွာအဝေး ၄၀၀ ကီလိုမီတာအထိ ပျံသန်းနိုင်စွမ်းရှိသည်။
အဆိုပါလေယာဉ်သည် ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်က လူမဲ့ အလိုအလျောက် ပထမဆုံးပျံသန်းမှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
COMAC ၊ တရုတ်ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီ CATL ၊ ရှန်ဟိုင်း ကျောင်းထုံးတက္ကသိုလ်နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းတီထွင်ထားသည့် CE-25A လေယာဉ်သည် လူမဲ့ အလိုအလျောက် ပျံသန်းမှု စမ်းသပ်အတည်ပြုခြင်း ၁၉ ကြိမ် ပြီးမြောက်ထားသည်။
COMAC ၏ လေယာဉ်အမျိုးအစားဆိုင်ရာ အသိအမှတ်ပြုလက်မှတ်အတွက် လျှောက်ထားချက်ကို တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်းစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က လက်ခံထားကြောင်း သိရသည်။ (Xinhua)

..........................................
(English Version)
China's independently developed 10-tonne electric aircraft completes first piloted flight
SHANGHAI, Nov. 14 (Xinhua) -- China's independently developed 10-tonne electric commercial aircraft CE-25A completed its maiden piloted flight on Saturday, according to the Commercial Aircraft Corporation of China (COMAC).
The aircraft carried two pilots and one flight-test engineer during the flight in Binzhou, east China's Shandong Province. The aircraft operated normally, and all performance indicators met expectations, COMAC said.
The CE-25A is COMAC's first electric commercial aircraft. Designed mainly for intercity commercial flights, it can carry 19 passengers and has a maximum takeoff weight of 10 tonnes. It has a cruising speed of 300 km per hour, a cruising altitude of 2,400 meters and a range of 400 km.
The aircraft completed its first unmanned autonomous flight on Feb. 2 this year.
Developed jointly by COMAC, Chinese battery maker CATL, Shanghai Jiao Tong University and other partners, the CE-25A has completed 19 unmanned autonomous flight validations.
The Civil Aviation Administration of China has accepted COMAC's application for a type certificate. ■
Photo captions: This photo taken on Nov. 14, 2026 shows the 10-tonne electric commercial aircraft CE-25A during its maiden piloted flight in Binzhou, east China's Shandong Province. (Photo by Wang Jiliang/Xinhua)