
ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ် (Caltech) က သုတေသီတွေ တီထွင်ထားတဲ့ စက်ရုပ်တစ်ရုပ်ဟာ အာကာသထဲမှာ အာကာသယာဉ်မှူးတွေရဲ့ အကူအညီမပါဘဲ ဖွဲ့စည်းပုံ အစိတ်အပိုင်းတစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။

ASTRA လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ဟာ ပေါ့ပါးတဲ့ ပြွန်တွေ၊ သတ္တုအဆက်တွေနဲ့ ပါးလွှာတဲ့ အလင်းပြန်ပစ္စည်းတွေကို အသုံးပြုပြီး အကျယ် ၁.၄ မီတာရှိတဲ့ အင်တင်နာကို တည်ဆောက်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ အဲဒီစနစ်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ SpaceX ရဲ့ Transporter-16 မစ်ရှင်နဲ့အတူ လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာမြေပေါ်က အင်ဂျင်နီယာတွေက စက်ရုပ်ကို စောင့်ကြည့်ထိန်းချုပ်ခဲ့ကြပါတယ်။ အင်တင်နာတစ်ခုလုံးကို အပြီးသတ် မတည်ဆောက်နိုင်ခဲ့ပေမယ့် အာကာသထဲမှာ စက်ရုပ်တွေက အဆောက်အအုံတွေကို တည်ဆောက်နိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

DARPA ရဲ့ ပံ့ပိုးမှုနဲ့ တီထွင်နေတဲ့ အဲဒီနည်းပညာဟာ အနာဂတ်မှာ ကမ္ဘာမြေကနေ တပ်ဆင်ပြီးသား လွှတ်တင်ဖို့ ခက်ခဲမယ့် အလွန်ကြီးမားတဲ့ အာကာသကြည့် မှန်ပြောင်းတွေ၊ ဆက်သွယ်ရေး အင်တင်နာတွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး စနစ်တွေကို တည်ဆောက်တဲ့နေရာမှာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
Ref : Technology Innovation