
Dongfeng Nissan ဖက်စပ်ကုမ္ပဏီက ထုတ်လုပ်သော အလတ်စား SUV မော်ဒယ်သစ် NX7 ကို နိုဝင်ဘာ ၁၃ ရက်တွင် တရားဝင် pre-sale စတင်ရောင်းချခဲ့သည်။
Nissan AI Cloud-Power hybrid platform ကို အခြေခံ ထုတ်လုပ်ထားခြင်းဖြစ်သည်။
လာမည့် နိုဝင်ဘာလ ၂၇ ရက်တွင် ကျင်းပမည့် ကွမ်ကျိုးကားပြပွဲကြီးတွင် NX7 ကို တရားဝင် မိတ်ဆက်ရောင်းချသွားရန် စီစဉ်ထားသည်။
NX7 တွင် ရွေးချယ်စရာ trim ၃ မျိုးလာပြီး pre-sale ဈေးတန်းမှာ ယွမ် ၁၂၉,၉၀၀ (ဒေါ်လာ ၁၉,၄၀၀) မှ ယွမ် ၁၄၉,၉၀၀ (ဒေါ်လာ ၂၂,၄၀၀) ကြား ရှိသည်။
((Pre-sale ဈေးနှုန်း))
320 Pro= ယွမ် ၁၂၉,၉၀၀ (ဒေါ်လာ ၁၉,၄၀၀)
320 Max= ယွမ် ၁၃၉,၉၀၀ (ဒေါ်လာ ၂၀,၉၀၀)
320 Ultra (LiDAR Edition)= ယွမ် ၁၄၉,၉၀၀ (ဒေါ်လာ ၂၂,၄၀၀)
((ဒီဇိုင်းပိုင်း))
NX7 တွင် Nissan ၏ “N” စီးရီး design language ကို ဆက်လက်အသုံးပြုထားသည်။ ရှေ့မျက်နှာစာတွင် split ရှေ့မီးများ၊ မီးလင်း လိုဂိုနှင့် လေခွင်းအားကောင်းစေရန် ရည်ရွယ်သည့် လေဝင်ပေါက်တို့ရှိသည်။
NX7 ၏ အရွယ်အစားမှာ 4,785/1,920/1,660 mm ရှိပြီး wheelbase မှာ 2,815 mm ဖြစ်သည်။
ကားဘေးခြမ်းတွင်ဆိုလျှင် semi-hidden တံခါးကိုင်လက်များ သုံးထားပြီး customer တို့အနေဖြင့် ၁၈ လက်မ (သို့မဟုတ်) ၁၉ လက်မ ဘီးများကို ရွေးစရာရှိသည်။



(NX7 ၏ ဘေးဖက်နှင့် နောက်ဖက်မြင်ကွင်း။ ဓာတ်ပုံ-CNC)
((အတွင်းခန်း နည်းပညာ))
NX7 တွင် အမိုးပေါ် LiDAR သုံးထားပြီး မြို့တွင်း အလိုအလျောက် လမ်းညွှန်မောင်းနှင်စနစ် Navigate on Autopilot (NOA) ကို support ပေးထားသည်။ ထိုစနစ်ဖြင့် ယာဉ်ကြောကျပ်သည့် အခြေအနေ၊ လမ်းဆုံများနှင့် မြို့ပြအတွင်း အလိုအလျောက် ထိန်းကြောင်းလမ်းညွှန်မောင်းနှင်နိုင်သည်။
အတွင်းခန်းတွင် ၁၇ ဒသမ ၃ လက်မ 3K floating central display)၊ LCD instrument cluster နှင့် ၅၅ လက်မ AR-HUD စနစ်တို့ ထည့်သွင်းပေးထားသည်။ Qualcomm Snapdragon 8295P chip ဖြင့် ထိန်းချုပ်ထားသည်။
iFlytek နှင့် ပူးပေါင်းထားသော Nissan OS 3.0 system ကို သုံးထားရာ အသံဖြင့် ထိန်းချုပ်နိုင်သည်။
ထိုင်ခုံ ၄ ခုလုံးတွင် အပူပေးစနစ်၊ လေဝင်လေထွက်စနစ်နှင့် ၁၂ နေရာ အနှိပ်စနစ်တို့ ပါဝင်သည်။
ရှေ့ထိုင်ခုံများကို အိပ်ရာကဲ့သို့ အပြည့်အဝ ဖြန့်ချနိုင်သည်ဟု ဆိုသည်။
((Powertrain ပိုင်း))
NX7 တွင် 1.5L အင်ဂျင်သုံးထားပြီး အထွက်အား 73 kW ရှိသည်။ မော်တာမှာ အထွက်အား 170 kW (228 hp) ရှိသည်။
မော်ဒယ်အားလုံးတွင် CATL ထုတ် 40.9 kWh (LFP) ဘက်ထရီကို standard အနေဖြင့် သုံးထားသည်။
လျှပ်စစ်သီးသန့်ဖြင့် မောင်းနိုင်မည့် range မှာ ကီလို ၃၂၀ ဖြစ်ပြီး စုစုပေါင်း မောင်းနိုင်မည့် range မှာ ၁၆၆၆ ကီလို ဖြစ်သည်။




(Nissan NX7 ၏ အတွင်းပိုင်း မြင်ကွင်း။ ဓာတ်ပုံ-CNC)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Nissan opens pre-sales for NX7 PHEV in China with 320 km EV range and 1,666 km combined (carnewschina)