Kanbawza Tai News

ညမီးကြီးမီးပုံးပျံ မီးစာပြုတ်ကျပြီး ဆိုင်ကယ် ၂ စီး မီးလောင်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ပထမညအဖြစ် ယနေ့ နိုဝင်ဘာလ ၁၇ ရက်၊ နံနက် ၂ နာရီခွဲခန့်က လွှတ်တင်ခဲ့သည့် ပွဲကြိုက် ညမီးကြီးမီးပုံးပျံ၏ မီးစာတိုင်နှင့် ယမ်းခွေ ပြုတ်ကျပြီး ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးပုံးပျံ မီးလောင်မှုကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ပထမနေ့ဖြစ်သော နိုဝင်ဘာလ ၁၆ ရက်၊ ညပိုင်း (နိုဝင်ဘာ ၁၇ ရက်၊ နံနက်အစောပိုင်း) တွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ ၁၅ လုံး လွှတ်တင်ယှဉ်ပြိုင် နေခြင်းဖြစ်ကြေင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News