Myanmar Digital News

မုံရွာမြို့၌ ပွဲကြည့်စင်ပါ အဆင့်မြင့်ရေကူးကန်နှင့် ဒိုင်ပင်ကန် တည်ဆောက်လျက်ရှိ

စစ်ကိုင်း နိုဝင်ဘာ ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဒေါနခြံရပ်ကွက်၌ ပွဲကြည့်စင်ပါ အဆင့်မြင့် ရေကူးကန်နှင့် ဒိုင်ပင်ကန် တည်ဆောက်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစဉ် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီ အရည်အသွေး ကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေးနှင့် စပ်လျဉ်း၍ မှာကြားပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထို့အတူ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လေးခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့ပြင် မုံရွာလေဆိပ်နှင့် လေဆိပ်ခြံစည်းရိုး ကာရံနေမှုလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် လေယာဉ်ခရီးစဉ်များ ပုံမှန်ပြေးဆွဲရေး၊ လေယာဉ်ကွင်း ပြေးလမ်းတစ်လျှောက်နှင့် ခရီးသည် နားနေဆောင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လေယာဉ်ကွင်းလုံခြုံရေး ကိစ္စရပ်များကို အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News