NP News

အဝတ်ချိတ်များကို အဝတ်လှန်းကြိုးပေါ်တွင် ချိတ်ပြပြီး ဂင်းနစ်စံချိန်သစ်တင်ခဲ့သည့် ခွေးလေး

Pika (NP News) - နိုဝင်ဘာ ၁၇

အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်မှ ခွေးလေ့ကျင့်ပေးသူတစ်ဦး၏ Óဏ်ကောင်းသောခွေး တစ်ကောင်သည် ၎င်း၏ပါးစပ်ဖြင့် အဝတ်ညှပ်ကလစ်များကို ကိုက်ကာ ကြိုးတန်းတွင် ချိတ်ပြခဲ့ပြီးနောက် ဂင်းနစ်စံချိန်တစ်ခုကိုရရှိခဲ့ကြောင်း သိရသည်။ အသက်(၄၆)နှစ်အရွယ် လီဆာရစ်ကာ့ဒ်ပိုင်ဆိုင်သည့် ဂျာဗားအမည်ရှိ အသက်(၅)နှစ်အရွယ် အနက်ရောင်ခွေးလေးသည် အချိန်တစ်မိနစ်အတွင်း အဝတ်လှန်းကြိုးပေါ်သို့အဝတ်ညှပ်ကလစ်များကို အများဆုံးညှပ် ပြနိုင်မှုအတွက် ဂင်းနစ်စံချိန်ကိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြိုးပမ်းမှုအတွင်း ဂျာဗားက အဝတ်ညှပ်ကလစ်(၈)ခုကို အဝတ်လှန်းကြိုးပေါ်တွင် သတ် မှတ်ထားသည့်အချိန်အတွင်း တပ်ဆင်ပြခဲ့ပြီးနောက် ဂင်းနစ်စံချိန်ရရှိကြောင်း တရားဝင်သတ်မှတ်ပေးခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် ခွေးလေးဂျာဗားသည် “Canine Companions” အဖွဲ့အစည်းအတွက် ဝန်ဆောင် မှုပေးသည့်ခွေးအဖြစ် လေ့ကျင့်သင်ကြားမှုခံယူရန် လီဆာရစ်ကာ့ဒ်ဆီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။ လီဆာရစ်ကာ့ဒ်က “ဂျာဗားရောက်ရှိလာခဲ့တဲ့ ပထမ(၁၈)လအတွင်းမှာ ဝန်ဆောင်မှု ပေးတဲ့ ခွေးတစ်ကောင်ဖြစ်လာစေဖို့ရည်ရွယ်ပြီး ပြုစုပျိုးထောင်ဖို့နဲ့ လူမှုပတ်ဝန်းကျင်နဲ့ အသားကျသွား အောင်လုပ်ပေးဖို့က ကျွန်မရဲ့တာဝန်ဖြစ်ခဲ့ပါတယ်။ ဆက်တိုက်လေ့ကျင့်မှုတွေလုပ်ပေးခဲ့ပေမယ့် ဂျာဗား က ဝန်ဆောင်မှုတွေအတွက် သင့်တော်တဲ့ခွေးတစ်ကောင်မဟုတ်ဘူးလို့ ဆုံးဖြတ်ခံခဲ့ရပါတယ်။ ကံ ကောင်းထောက်မစွာနဲ့ပဲ ဂျာဗားကို ကျွန်မမွေးစားခွင့်ရခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။

နောက်ပိုင်းတွင် လီ ဆာရစ်ကာ့ဒ်က ဂျာဗားကို လေ့ကျင့်မှုပုံစံပြောင်းလဲပြီး အားကစားနည်းနှင့်စွမ်းဆောင်ရည်ပြသမှုများ ဘက်သို့ ဦးတည်လေ့ကျင့်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ လီဆာရစ်ကာ့ဒ်က “ဂျာဗားမှာ မယုံနိုင်စရာကောင်းလောက်အောင်ကို ဉာဏ်ကောင်းတဲ့စွမ်းရည် တွေရှိနေခဲ့ပါတယ်။ ဂျာဗားက တခြားခွေးတစ်ကောင် ဒါမှမဟုတ် လူတစ်ယောက်က တစ်ခုခုလုပ်ပြတာ ကို ကြည့်ပြီး ကိုယ်တိုင်ဘယ်လိုလုပ်ရမလဲဆိုတာကို နားလည်သဘောပေါက်လွယ်တဲ့ ခွေးလေးတစ် ကောင်ပါ” ဟုပြောဆိုခဲ့သည်။

မူရင်းသတင်း — NP News