ပြည် နိုဝင်ဘာ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်မြို့နယ် မိန်းမရဲကျေးရွာ၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ရေအရင်းအမြစ်များလျော့နည်းမှုနှင့် ရေရှားပါးပြတ်လပ်မှုများ မဖြစ်ပေါ်စေရေး၊ သောက်သုံးရေများ ဖူလုံစွာ စနစ်တကျသုံးစွဲရေးအတွက် အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ဆွေးနွေးပြောကြား
ဦးစွာ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အယ်လ်နီညိုရာသီဥတုအခြေအနေကြောင့် အပူချိန်မြင့်တက်ခြင်းနှင့် ရေအရင်းအမြစ်များ လျော့နည်းလာနိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကျေးလက်နေပြည်သူများအနေဖြင့် ရေကို အလေအလွင့်မရှိ စနစ်တကျအသုံးပြုရန်နှင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း၊ သောက်သုံးရေကို ကြိုတင်စုဆောင်းထားရှိရန်နှင့် ရေကိုလိုအပ်သလောက်သာသုံးစွဲရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သုတ