NP News

အိမ်မဲမြို့၊ ခုံကြီးသုဿန်အမှိုက်ကွင်းတွင် နှစ်ရှည်လပေါင်းများစွာ စွန့်ပစ်ထားသော အမှိုက်များကို အရှိန်အဟုန်ဖြင့် ရှင်းလင်းနေဟုဆို

ပုလဲ (NP News) - အောက်တိုဘာ ၁၆
အိမ်မဲမြို့၊ ခုံကြီးသုဿန်အမှိုက်ကွင်းတွင် နှစ်ရှည်လပေါင်းများစွာ စွန့်ပစ်ထားသော အမှိုက်များအားအရှိန်အဟုန်ဖြင့် ရှင်းလင်းနေကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့၊ ခုံကြီးသုဿန်အမှိုက်ကွင်းတွင် နှစ်ရှည်လပေါင်းများစွာ စွန့်ပစ်ထားသော အမှိုက်များအား ရှင်းလင်းရန်၊ သုဿန်အတွင်း အနံ့ဆိုးများမရှိစေရန်နှင့် ပတ်ဝန်းကျင် အမြင်တင့်တယ်မှုကောင်းစေရန်အတွက် ယနေ့ ( နိုဝင်ဘာ ၁၆ရက်) တွင် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ အဖွဲ့ရုံးမှ ဘတ်ဟိုးအသေးဖြင့်လည်းကောင်း၊ အချို့နေရာများတွင် အမှိုက်များထူထပ်နေသည့်အတွက် ပြင်ပမှ ဌားရမ်းထားသော ဘတ်ဟိုးအကြီးဖြင့်လည်းကောင်း အမှိုက်များရှင်းလင်းခြင်း၊ အမှိုက်သိမ်းယာဉ်သွားလာနိုင်ရန် လမ်းပြင်ခြင်းနှင့် အုတ်ဂူများကြား သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို လုပ်သား (၁၅) ဦးဖြင့်လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ လာမည့်ရက်များတွင်လည်း စက်အင်အား၊ လူအင်အားများများဖြင့် အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

မူရင်းသတင်း — NP News