Xinhua Myanmar

ပန်းခြံ၊ မြို့ပြက လူသားနှင့် သဘာဝ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း၏ အလှတရားကို ဖော်ကျူးလျက်ရှိ

တရုတ်နိုင်ငံ Shenzhen Bay Park ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ဆန်းကျန့်မြို့သည် “လူသားနှင့် သဘာဝ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သော ခေတ်မီအသွင်ပြောင်းရေး” ကို အဓိက လမ်းညွှန်အတွေးအခေါ်အဖြစ် ထားရှိကာ “တောင်တန်းနှင့်ပင်လယ် ချိတ်ဆက်ထားသော မြို့ပြ၊ သက်ရှိအားလုံး အတူတကွ နေထိုင်မှု၊ အစိမ်းရောင် အသွင်ကူးပြောင်းမှုနှင့် နယ်ပယ်မခြား ပေါင်းစပ်မှု” ဟူသော အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ခဲ့သည်။ ၂၀၂၆ ခုနှစ် သြဂုတ်လတွင် ဆန်းကျန့်မြို့၌ ထုတ်ပြန်ခဲ့သော “အတူတကွနေထိုင်သောမြို့ - လူနှင့် သဘာဝ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်မှု၏ ဆန်းကျန့် လက်တွေ့ကျင့်သုံးမှု” စက္ကူဖြူစာတမ်းအရ ဆန်းကျန့်မြို့တစ်ဝန်း သစ်တောဖုံးလွှမ်းမှုနှုန်းသည် ၃၉ ရာခိုင်နှုန်း၊ မြစ်နှင့် ရေကန်များ၏ ဂေဟစနစ် ကမ်းရိုးတန်းအချိုးအစားသည် ၆၅ ရာခိုင်နှုန်းနှင့် သဘာဝ ကမ်းရိုးတန်း ထိန်းသိမ်းမှုနှုန်းသည် ၄၃.၈ ရာခိုင်နှုန်းရှိရာ မြို့တစ်ဝန်း မျိုးစိတ် ၆,၈၇၀ ကျော် မှတ်တမ်းတင်ထားကာ နိုင်ငံတော်အဆင့် အဓိကထား ကာကွယ်ထိန်းသိမ်းသော အပင်နှင့် တိရစ္ဆာန် မျိုးစိတ် ၂၀၈ မျိုးအထိ တိုးမြင့်လာပြီး မြို့တစ်ဝန်း ပန်းခြံပေါင်း ၁,၃၅၀ ခု ရှိကာ တစ်ဦးချင်းအတွက် စိမ်းလန်းသောဧရိယာ ၁၄.၈ စတုရန်းမီတာ ရှိသည်ဟု ဖော်ပြထားသည်။ (Xinhua)

…………………

(Chinese Version)

聚焦APEC丨公园城市绘就人与自然和谐共生之美

新华社照片,深圳(广东),2026年11月15日

近年来,深圳以“人与自然和谐共生的现代化”作为核心指导理念,探索出“山海连城、万物共栖、绿色转型、无界融合”的高质量发展道路。2026年8月在深圳发布的《共生之城:人与自然和谐共生的深圳实践》白皮书显示,深圳全市森林覆盖率39%,河湖生态岸线占比65%,自然岸线保有率43.8%,全市记录物种6870余种,国家重点保护动植物增至208种,全市公园1350座,人均绿地14.8平方米。

图说1:这是10月23日拍摄的深圳湾公园(无人机照片)。 新华社记者 毛思倩 摄

图说2:市民在深圳市南山区的中心河公园游玩(4月25日摄)。    新华社记者 毛思倩 摄

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ နန်ဆန်းဒေသရှိ Center River Park တွင် အပန်းဖြေလည်ပတ်နေကြသော မြို့သူမြို့သားများအား ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar