Myanmar Transparency News

သရုပ်ဆောင် မင်းသားကြီးရဲ့ Min Thar Gyi Movie YouTube Channel မိတ်ဆက်ပွဲနဲ့ Birthday Party ကျင်းပခဲ့

၁၇.၁၁.၂၀၂၆
Written By Thandar 

သရုပ်ဆောင် မင်းသားကြီးရဲ့ Min Thar Gyi Movie YouTube Channel မိတ်ဆက်ပွဲနဲ့ Birthday Party ကို နိုဝင်ဘာ ၁၆ ရက် ညပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Min Tar Gyi Restaurant မှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ ယနေ့ ကျရောက်တဲ့မွေးနေ့မှာ ပြန်လည်အသစ်ထောင်ထားတဲ့ Min Thar Gyi Movie YouTube Channel မိတ်ဆက်တာပါ။ ကျွန်တော့်ရဲ့ YouTube က လွန်ခဲ့တဲ့ နှစ်လလောက်က ပျက်သွားတယ်။ အဲဒါကြောင့် မွေးနေ့လေးနဲ့ပေါင်းပြီး ပွဲလေးကျင်းပဖြစ်တာပါ။ ရှေ့က ပျက်သွားတဲ့ Channel မှာ ဇာတ်လမ်းတွဲတွေ ရှစ်ကားလောက်တင်ထားတာပါ။ အခုက အစကနေ ပြန်စရမှာပါ။ ကျွန်တော်ရဲ့ ကားတွေ ခရီး‌တွေတော်တော်ရောက်နေမှ ပျက်သွားတော့ နှမြောတာပေါ့။ အစက ခုမှပြန်စရမှာမို့ ဇာတ်ကားတွေ ထွက်လာရင်လည်း အားပေးဝေဖန်ပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင်မင်းသားကြီးက ပြောပါတယ်။ 

အဆိုပါ အခမ်းအနားမှာတော့ အနုပညာမောင်နှမတွေဖြစ်တဲ့ အဆိုတော်ကြီး ဂျက်မြသောင်း၊ အောင်ခိုင်၊ စိုင်းသီဟ၊ ရဲမွန်၊ နေနော်၊ နိုင်လူ၊ ဘုန်းလျံ၊ အောင်ဇော်မင်း၊ ဂျွန်းနိုင်အောင်၊ ခင်စိုးပိုင်၊ စုလှိုင်နှင်း၊ ဧကရီစုစံ၊ စောမိုးဇက် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

Min Thar Gyi Movie YouTube Channel မှာ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေအနေနဲ့ ချွန်း၊ အသက်လျော်ကြေး၊ အမှောင်ထဲကလက်ဆောင်၊ တစ်နောက်က သုညများ၊ မိုက်ရိုင်းလိုက်တာ စတဲ့ ကားတွေ မိတ်ဆက်ပြသခဲ့ပါတယ်။

အဲဒီနောက် ဖိတ်ကြားထားသူတွေ အနုပညာရှင်တွေနဲ့ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးပြီး မွေးနေ့ကိတ်ခွဲကာ အနုပညာရှင်တွေက တေးသီချင်းသီဆိုဖျော်ဖြေခဲ့ကြပါတယ်။

#မင်းသားကြီး #MinTarGyiYouTubeChannel #NayNaw #ArkariSuSan #ဂျက်မြသောင်း #MinTharGyi #JetMyaThaung #BirthdayParty #MyanmarActor #MTEntertainment

မူရင်းသတင်း — Myanmar Transparency News