
လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အမေဇုန် MGM Studios က စတူဒီယို၏ 007 ရုပ်ရှင်ဇာတ်ကားသစ်တွင် ဂန္ထဝင်ဇာတ်ကောင် ဂျိမ်းစ်ဘွန်းအဖြစ် ဗြိတိန်သရုပ်ဆောင် ရောဘတ်ပက်တင်ဆန် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။
အသက် ၄၀ အရွယ် မင်းသား ပက်တင်ဆန်က အမှောင်ရိပ်ထဲမှ သေနတ်တစ်လက်ကိုင်ဆောင်ကာ ထွက်ပေါ်လာသည့် ဗီဒီယိုအတိုတစ်ခုဖြင့် သရုပ်ဆောင်ရွေးချယ်မှုကို အမေဇုန် MGM Studios က လူမှုကွန်ရက်မီဒီယာပေါ်၌ ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဗီဒီယိုတွင် “ဂျိမ်းစ်ဘွန်း ပြန်လာပြီ” ဟူသော စာတန်းထွက်ပေါ်လာခဲ့သည်။
ယခုဇာတ်ကားသည် အမေဇုန် MGM Studios အတွက် 007 ရုပ်ရှင်စီးရီးတွင် ပထမဆုံးပါဝင်ရိုက်ကူးမည့် ဇာတ်ကားဖြစ်သည်။ အဆိုပါစတူဒီယိုသည် ၂၀၂၅ ခုနှစ် မတ်လတွင် ဂျိမ်းစ်ဘွန်း ရုပ်ရှင်စီးရီးအပေါ် ဖန်တီးမှုဆိုင်ရာ ထိန်းချုပ်ခွင့်ကို ရရှိခဲ့သည်။
ပက်တင်ဆန်သည် ဂျိမ်းစ်ဘွန်း ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်သည့် သတ္တမမြောက် သရုပ်ဆောင်ဖြစ်လာမည် ဖြစ်သည်။ ဂျိမ်းစ်ဘွန်းသည် စာရေးဆရာ အီယန်ဖလဲမင်း ၏ ၁၉၅၃ ခုနှစ်ထုတ် ဝတ္ထုတွင် စတင်မိတ်ဆက်ခဲ့သော စိတ်ကူးယဉ် ဗြိတိန်လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်တစ်ဦး ဖြစ်သည်။
"ဂျိမ်းစ်ဘွန်းဆိုတာက ရုပ်ရှင်လောကရဲ့ ဂန္ထဝင်မြောက် အကျော်ကြားဆုံးဇာတ်ကောင်တွေထဲက တစ်ဦးဖြစ်ပြီး 007 ဇာတ်ကောင်နေရာအတွက် ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခံရတာဟာ ကျွန်တော့်ဘဝတစ်လျှောက် ဂုဏ်ယူစရာ အကောင်းဆုံးပါပဲ" ဟု ပတ်တင်ဆန်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဂျိမ်းစ်ဘွန်း သူလျှိုရုပ်ရှင်စီးရီးတွင် နောက်ဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ပြီးနောက် အဆိုပါဇာတ်ကောင်နေရာမှ အနားယူခဲ့သည့် ဒန်နီရယ် ခရေ့ဂ်၏နေရာကို ပက်တင်ဆန်က ဆက်ခံမည်ဖြစ်သည်။
“ယနေ့ဟာ ကျွန်တော်တို့ရဲ့စတူဒီယိုအတွက် အဆုံးအဖြတ်ပေးမယ့်အခိုက်အတန့်တစ်ခုဖြစ်သလို ဂျိမ်းစ်ဘွန်းသမိုင်းမှာလည်း အရေးပါတဲ့မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ရောဘတ်ပတ်တင်ဆန်ကို နောက်ထပ် 007 အဖြစ် ဂုဏ်ယူစွာမိတ်ဆက်ပေးလိုက်ပါတယ်” ဟု Prime ဗီဒီယိုနှင့် Amazon MGM Studios ၏ အကြီးအကဲ မိုက်ဟော့ပ်ကင်း က ကြေညာချက်တွင်ပြောကြားခဲ့သည်။ ဆက်လက်၍ “ဒီ အထင်ကရဇာတ်ကောင်ဟာ ဆယ်စုနှစ်ခြောက်ခုကျော်ကြာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ရောဘတ်ရဲ့ ထူးခြားပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်၊ ဖန်သားပြင်ထက်က ပရိသတ်အာရုံကို ဆွဲဆောင်နိုင်တဲ့ မျက်နှာဟန်ပန်နဲ့ တည်ငြိမ်ပေမဲ့ အားပြင်းတဲ့သရုပ်ဆောင်ချက်တွေဟာ ဒီဇာတ်ကောင်ရဲ့အစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့ ၎င်းဟာ ထူးခြားတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ပက်တင်ဆန်သည် နာမည်ကြီးရုပ်ရှင်စီးရီးဖြစ်သော "The Twilight Saga" ရုပ်ရှင်ဇာတ်လမ်းတွဲတွင် အက်ဒ်ဝပ်ကာလန် အဖြစ်လည်းကောင်း၊ ၂၀၂၂ ခုနှစ်ထွက် စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား "The Batman" တွင် ဘရုစ်ဝိန်း အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အထူးလူသိများခဲ့သည်။ (Xinhua)
…………….
(English Version)
Robert Pattinson named as James Bond actor in new 007 film
LOS ANGELES, Nov. 16 (Xinhua) -- Amazon MGM Studios announced Monday that British actor Robert Pattinson will take on the iconic role of James Bond in the studio's new 007 film.
Amazon MGM Studios unveiled the casting on social media with a brief snippet of the 40-year-old actor emerging from the shadows with a gun. The words "James Bond will return" then appear on the screen.
It will be Amazon MGM Studios' first film in the 007 franchise. The studio gained creative control of the James Bond franchise in March 2025.
Pattinson will become the seventh actor to portray James Bond, the fictional British Secret Service agent first introduced in Ian Fleming's 1953 novel.
"James Bond is one of the most legendary characters in cinema, and to be entrusted with 007 is the honor of a lifetime," he said in a statement.
Pattinson will succeed Daniel Craig, who stepped down from the role after his final appearance in the spy franchise.
"Today marks a defining moment for our studio and a significant milestone in the history of James Bond as we proudly introduce Robert Pattinson as the next 007," said Mike Hopkins, head of Prime Video and Amazon MGM Studios, in the statement, adding that "This iconic character has captivated audiences around the world for more than six decades, and there's no doubt that Robert's remarkable range, magnetic screen presence, and quiet intensity make him an exceptional choice to carry that legacy forward."
Pattinson is best known for playing Edward Cullen in the blockbuster film franchise "The Twilight Saga" and Bruce Wayne in the 2022 superhero film "The Batman."
Photo caption: British actor Robert Pattinson of the film "Primetime" poses for the photocall of the film during the 83rd Venice International Film Festival in Venice, Italy, Sept. 5, 2026. (Xinhua/Wang Kaiyan)