ရန်ကုန် နိုဝင်ဘာ ၁၆
တိုက်ကွမ်ဒို အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးရည်ရွယ်၍ အထက(၁)လသာ ကျောင်းသားဟောင်းများ တိုက်ကွမ်ဒိုအသင်းက ကြီးမှူးပြီး အထက (၁)လသာ တိုက်ကွမ်ဒိုအသင်း Championship 2026 ဖိတ်ခေါ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပရာ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ သုဝဏ္ဏဘူယောင်း တိုက်ကွမ်ဒိုအားကစားရုံ၌ ကျင်းပ သည်။
အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၂၅ သင်းမှ ပြိုင်ပွဲ ဝင်အားကစားသမား ၁၃၆၂ ဦးက (အမျိုးသား/အမျိုးသမီး အသက် ရှစ်နှစ်မှ ၁၇ နှစ်အထက်) speed kick ပြိုင်ပွဲ၊ ကကွက်ပြိုင်ပွဲနှင့် အတိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ ကြပြီး ဆုချီးမြှင့် ပွဲကို ဆက်လက်ကျင်းပရာ(ခါးစည်း ပြာ၊ နက်)တန်းနှင့် (ခါးစည်း ဝါ၊ စိမ်း)တန်းတို့မှ အကောင်းဆုံးကစားသမားဆုများ၊ အတိုးတက်ဆုံး ဆုဖလားရရှိသည့် အထက(၂) လသာ၊ မျိုးဆက်သစ် တံခွန်စိုက် ဖလားရရှိသည့် အထက(၁) လသာ၊ တံခွန်စိုက်ဖလား တတိယဆုရရှိသည့် FLY EAGEL အသင်း၊ တံခွန်စိုက်ဖလား ဒုတိယဆုရရှိသည့် စံပြဖိုက်တာအသင်း၊ တံခွန်စိုက်ဖလား ပထမဆုရရှိသည့် အောင်ဆန်းအသင်းတို့အား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နေလင်း(ပြန်/ဆက်)