Myanmar Digital News

မြန်မာအမျိုးသမီး ဖူဆယ်လိဂ်ပြိုင်ပွဲတွင် YRG နှင့် ယူ-၁၉ အသင်း သုံးပွဲဆက်အနိုင်ရ

ရန်ကုန်     နိုဝင်ဘာ     ၁၆

၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီး ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)ကို နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF  ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ  YRG  အသင်းနှင့် ယူ-၁၉ အသင်း သုံးပွဲဆက်အနိုင်ရရှိသည်။

နှစ်ပွဲဆက်အနိုင်ရထားသည့်အသင်းများအနက် YRG အသင်းနှင့် ရိုးမအသင်း ယခုတစ်ပတ်တွင်  ထိပ်တိုက်တွေ့ဆုံပြီး YRG အသင်း အနိုင်ရသဖြင့် ရာနှုန်းပြည့် နိုင်ပွဲဖြင့်  ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်(၃)တွင် YRG အသင်းက ရိုးမအသင်းကို ခြောက်ဂိုး - နှစ်ဂိုး၊ ယူ-၁၉ အသင်းက ဘူရှီဒိုအသင်းကို ၁၃ ဂိုး - ဂိုးမရှိ၊ ရွိုင်ရယ်ပန်ထွာအသင်းက လှိုင်သာယာအသင်းကို ခုနစ်ဂိုး-တစ်ဂိုး၊ Pacific Sun Far အသင်းက The Stars အသင်းကို ကိုးဂိုး - နှစ်ဂိုး၊ မင်္ဂလာဒုံစီးတီးအသင်းက ဒဂုံဆိပ်ကမ်းအသင်းကို ခြောက်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပွဲစဉ်(၃)အပြီးတွင် YRG၊ ယူ-၁၉ အသင်းတို့က ကိုးမှတ်စီ၊  ရိုးမအသင်း၊  Pacific Sun Far အသင်း၊ ရွိုင်ရယ်ပန်ထွာအသင်းတို့က ခြောက်မှတ်စီ၊ လှိုင်သာယာအသင်း၊ The Stars အသင်းနှင့်  မင်္ဂလာဒုံစီးတီးအသင်းတို့က သုံးမှတ်စီရရှိ ထားပြီး ဒဂုံဆိပ်ကမ်းအသင်းနှင့် ဘူရှီဒိုအသင်းတို့က သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MFF

မူရင်းသတင်း — Myanmar Digital News