
မက်ဒရစ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အက်သလက်တစ်တောင်ပံကစားသမား အဲလက်စ် ဘာရန်ဂူယာသည် Torino အသင်းမှ ပြောင်းရွှေ့လာပြီးနောက် အက်သလက်တစ် ဘီလ်ဘာအိုအသင်းတွင် ခုနစ်ရာသီမြောက် ကစားနေခြင်းဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်ကစားသမား၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ၎င်းက အနာဂတ်အတွက် ကြိုတင်စဉ်းစားနေပြီဖြစ်သည်။
“ဒါက ကျွန်တော့်ရဲ့ခုနစ်ရာသီမြောက်ပါ။ နောက်ထပ်ရာသီတွေ ဆက်ရှိဦးမလားဆိုတာ စောင့်ကြည့်ကြတာပေါ့” ဟု TeleBilbao ရုပ်သံနှင့် အင်တာဗျူးတွင် ဘာရန်ဂူယာက ပြောကြားခဲ့ပြီး San Mames အားကစားကွင်းတွင် ဆက်လက်ကစားခွင့်ရပါက ၎င်းအနေဖြင့် အလွန်ဝမ်းမြောက်မိမည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
"ကျွန်တော် ဒီမှာ အရမ်းအဆင်ပြေပါတယ်။ ကျွန်တော့်အသက်က ၃၁ နှစ်ပဲ ရှိပါသေးတယ်၊ ဘောလုံးဆက်ကစားနိုင်စွမ်း ၄ နှစ်၊ ၅ နှစ်လောက် ကျန်ပါသေးတယ်" ဟု ဘာရန်ဂူယာက ပြောကြားခဲ့ပြီး မကြာမီ စာချုပ်သစ်အတွက် ဆွေးနွေးမှုများ စတင်မည်ဟုလည်း ပြောဆိုခဲ့သည်။
အက်သလက်တစ် ဘီလ်ဘာအိုအသင်းသည် လက်ရှိ နိုင်ငံတကာပွဲစဉ်များ ရပ်နားချိန်မတိုင်မီ နည်းပြသစ် အီဒင်တာဇစ်၏ပြင်းထန်တက်ကြွသောကစားဟန်နှင့် အသားကျအောင်ကြိုးစားနေရင်း လာလီဂါ အမှတ်ပေးဇယား အဆင့် ၇ နေရာတွင်ရပ်တည်နေသည်။ နည်းပြ အာနက်စ်တို ဗယ်လ်ဗာဒီ လက်ထက်တွင် ရာသီလေးခုကြာ ဖြတ်သန်းခဲ့ပြီးနောက် ဘာရန်ဂူယာက ယခုကဲ့သို့ နည်းပြပြောင်းလဲမှုက အပြုသဘောဆောင်ကြောင်း ယုံကြည်လျက်ရှိသည်။
"အသင်းမှာ မတူညီတဲ့စွမ်းအင်နဲ့ ကွဲပြားတဲ့ စိတ်ထက်သန်မှုတွေ ရှိနေပါတယ်။ နည်းပြအပြောင်းအလဲကြောင့် ကစားသမားတိုင်းက ကိုယ့်နေရာကိုယ်ရရှိဖို့ ကြိုးစားချင်စိတ်ရှိနေကြပါတယ်။ လက်ရှိ အရှိန်အဟုန်က ကောင်းမွန်နေပြီး ကျွန်တော်တို့ ဆက်လက်တိုးတက်အောင် လုပ်ဆောင်ရပါမယ်" ဟု ဘာရန်ဂူယာက မှတ်ချက်ပေးခဲ့သည်။
"နည်းပြက ပြင်းထန်မှုကို အရမ်းသဘောကျပါတယ်။ သူပြောသလိုဆိုရင် ဖိအားပေးကစားခြင်းပေါ့။ အာနက်စတိုလက်ထက်က ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံနဲ့လည်း ဆင်တူပါတယ်။ အဲဒီတုန်းက ဘောလုံးပြန်လည်ရယူနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်ခဲ့ပါတယ်"
"နည်းဗျူဟာပိုင်းအရ အနည်းငယ်ပြောင်းလဲထားတာတွေ ရှိပါတယ်၊ နောက်တန်းကနေ ဘောလုံးစတင်တည်ဆောက်တာမျိုးနဲ့ တောင်ပံခံစစ်ကစားသမားတွေတွေ၊ တောင်ပံတိုက်စစ်ကစားသမားတွေကို ကွင်းဘေးစည်းနားအထိ ဖြန့်ကြက်ကစားစေတာမျိုးပါ။ နည်းပြသစ်က ကျွန်တော်တို့ရဲ့ကစားနည်းစနစ်ကို အများကြီး မပြောင်းလဲထားပေမယ့် အသင်းမှာ မတူညီတဲ့ စွမ်းအင်အသစ်တစ်ခု ရရှိလာပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
…………….
(English Version)
Berenguer eyes new Athletic Bilbao deal, praises Terzic impact
MADRID, Nov. 16 (Xinhua) -- Athletic Bilbao winger Alex Berenguer is in his seventh season with the club since joining from Torino, and with the 31-year-old's current contract due to expire at the end of the season, he is already looking to the future.
"This is my seventh season - let's see if there are more," he said in an interview with TeleBilbao, adding that he would be delighted to continue playing at the San Mames Stadium.
"I'm very comfortable here. I'm still only 31 years old and I have four or five years of football left in me," said Berenguer, adding that he would soon begin talks over a new contract.
Athletic Bilbao went into the current international break in seventh place in La Liga as the team adapts to the aggressive style of new coach Edin Terzic. Berenguer believes the change has been positive after four seasons with Ernesto Valverde at the helm.
"The team has a different energy and a different spark. With the coaching change, everyone wants to earn their place. The momentum is good and we have to keep improving," commented Berenguer.
"He really likes intensity - pressing, as he calls it. It's similar to what we did with Ernesto, where winning the ball back was the most important thing.
"Tactically, we've changed a few things: building out from the back and having very wide full-backs and wingers. He (Terzic) hasn't changed our playing system much, but we have a different energy," he added.
Photo caption: Real Madrid's Brahim Diaz (L) vies with Athletic Bilbao's Maroan Sannadi during the Spanish La Liga football match between Real Madrid and Athletic Bilbao in Madrid, Spain, on April 20, 2025. (Photo by Gustavo Valiente/Xinhua)