ပဲခူး နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခြောက်ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
ဦးစွာ အသင်းလိုက် ကိုးဦးပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှု၊ တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲများ ယှဉ်ပြိုင်ကစားနေမှုနှင့် အသင်းလိုက် သုံးဦးပြိုင်ပွဲ ဗိုလ်လုပွဲများ ယှဉ်ပြိုင်ကစားနေမှုတို့ကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသော ပြည်ခရိုင်အသင်းကို တံခွန်စိုက်ဆုဖလား၊ အသင်းလိုက် ကိုးဦးပြိုင်ပွဲတွင် ပထမဆုရရှိသော နတ်တလင်းခရိုင်အသင်းကို တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့၏ ဆပ်ကော်မတီ အဖွဲ့ဝင်များက တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊ အသင်းလိုက် သုံးဦးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ ကြသည့် အသင်းများနှင့် အသင်းလိုက် ကိုးဦးပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရရှိသော အသင်းများကို ဆုတံဆိပ်နှင့် ငွေသားဆုများ၊ ဒိုင်အဖွဲ့များကို သီးခြားချီးမြှင့်ငွေများ ပေးအပ်ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)