ဘယ်လ်ဂျီယံအသင်း တိုက်စစ်မှူး လူကာကူဟာ နိုင်ငံလက်ရွေးစင်ကစား သမားဘဝကနေ အနားယူလိုက်ပြီဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ဖီနာဘာချီတိုက်စစ်မှူး လူကာကူဟာ ၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကို စတင်ပွဲထွက် ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းနဲ့အတူ နိုင်ငံတကာ ပွဲစဉ် ၁၃၅ ပွဲမှာ သွင်းဂိုး ၉၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ တိုက်စစ်မှူး လူကာကူဟာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှစ်ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက တူကီယဲအသင်းကို အနိုင်ရရှိခဲ့တဲ့ ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်မှာတော့ တင်းပါးဒဏ်ရာကြောင့် ဘယ်လ်ဂျီယံ အသင်းနဲ့အတူ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်စစ်မှူး လူကာကူဟာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ အသက် ၁၆ နှစ်အရွယ်ကတည်းက နိုင်ငံပွဲစဉ်တွေကို ပါဝင်ကစားခဲ့တာ ဖြစ်ပြီး ကလပ်အသင်းတွေမှာတော့ လက်ရှိပါဝင်ကစားနေတဲ့ ဖီနာဘာချီအသင်းအပါအဝင် အဲဗာတန်အသင်း၊ ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့မှာလည်း ပါဝင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။
ငွေကြယ်