
နေပြည်တော်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်၌ ညလွှတ်မီးပုံးပျံ ၁၁၂ လုံးနှင့် နေ့လွှတ်အရုပ်မီးပုံးပျံ ၄၄၉ လုံးဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံဖွင့်ပွဲအခမ်းအနားကို နို၀င်ဘာ ၁၆ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးမြို့ရှိ အဝေရာကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မီးပုံးပျံပွဲတော်သည် တိုင်းရင်းသားရိုးရာအစဉ်အလာအရ ကျင်းပပြုလုပ်သော ပွဲတော်ဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင်စားလာရောက်လည်ပတ်ကြသော ပွဲတော်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးပွဲတော်နှင့် အစည်ကားဆုံး ရိုးရာပွဲတော်များအနက် အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး မီးပုံးပျံပွဲတော်ကို နေ့ပိုင်းနှင့် ညပိုင်း ခွဲပြီး ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်မီးပုံးပျံအမျိုးအစားဖြစ်သည့် အရုပ်ခြေနှစ်ချောင်း ၂၃၆ လုံး၊ အရုပ်ခြေလေးချောင်း ၁၃၈ လုံးနှင့် အရုပ်အုပ်စု ၇၅ လုံး၊ ညလွှတ်မီးပုံးပျံအမျိုးအစားဖြစ်သည့် ညမီးကြီး ၇၁ လုံးနှင့် စိန်နားပန် ၄၁ လုံး၊ စုစုပေါင်း မီးပုံးပျံ ၅၆၁ လုံး ပါဝင်ယှဉ်ပြိုင်လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
