
ကားများ ဖျက်ဆီးပြသည့် ဗွီဒီယိုများဖြင့် နာမည်ကြီးသည့် YouTuber ဖြစ်သော WhistlinDiesel အဖွဲ့သည် တန်ဖိုးကြီး ပြိုင်ကားများကို ရွှေဖရုံသီးများဖြင့် ပစ်ပေါက်ပြခဲ့ပြီးနောက် အလွန်ဆိုးရွားသော စိတ်ကူးဟု ၎င်းတို့ကိုယ်တိုင် ဝန်ခံခဲ့ကြသည်။
((WhistlinDiesel မှာ ကားများနှင့် ပတ်သက်လျှင် အတော်နာမည်ကျော်သည်။))
YouTube တွင် ရစရာမရှိအောင် ဖျက်ဆီးမှုများအကြောင်း ရည်ညွှန်းရမည့် အမည်တစ်ခုရှိသည်ဆိုလျှင် ၎င်းမှာ အမည်ရင်း ကိုဒီ ဒက်ဝိုင်လာ (Cody Detwiler) ဟုခေါ်သည့် WhistlinDiesel ပင် ဖြစ်သည်။
ကျွန်ုပ်ပြောသည်ကို မယုံလျှင် ၎င်း၏ လုပ်ဆောင်ချက် မှတ်တမ်းအချို့ ပြန်လည် လေ့လာကြည့်ပါ။
ဒက်ဝိုင်လာသည် ဖလော်ရီဒါတွင် ဟာရီကိန်းမုန်တိုင်းတိုက်ခတ်နေသည့်ကြားသို့ တန်ဖိုးကြီး Lamborghini Huracán တစ်စီးကို မောင်းနှင်လွှတ်ပေးခဲ့ဖူးသည်။

(ဓာတ်ပုံ- WhistlinDiesel)
ထို့အပြင် Ford F-150 ဖြင့် Tesla Cybertruck တစ်စီးကို တစ်နာရီ မိုင် ၁၁၀ နှုန်းဖြင့် ဝင်တိုက်ခဲ့သည်ကိုလည်း မမေ့သင့်ချေ။
ထို့နောက်တွင် Ferrari F8 Tributo ၏ ဖြစ်ပုံလည်း ရှိသေးသည်။
((WhistlinDiesel တို့အဖွဲ့၊ ရွှေဖရုံသီးတွေနဲ့ လောက်လွှဲတွေ ပေါင်းလိုက်ရင် ဘာတွေဖြစ်လာမလဲ))
ထိုချန်နယ်၏ ဝိုင်းတော်သားတစ်ဦးဖြစ်သော ဘရက်ဒီက စမ်းသပ်မည့် ကားများနှင့် ရွှေဖရုံသီး အလုံးရေ ၃၅၀ စုဆောင်းခဲ့သည်။
စမ်းသပ်မည့် ကားများတွင် ဒေါ်လာ ၂၅၀,၀၀၀ တန်ကြေးရှိ Lamborghini Huracan၊ ဒေါ်လာ ၁၀,၀၀၀ တန် VW Beetle၊ ဒေါ်လာ ၁၂၀,၀၀၀ တန် C8 Z06၊ ဒေါ်လာ ၁၀၀,၀၀၀ တန် NEOS Grenadier နှင့် ဒေါ်လာ ၅,၀၀၀ တန်ရှိ Ford Raptor တို့ ပါဝင်သည်။

(ဓာတ်ပုံ WhistlinDiesel)
ရွှေဖရုံသီး အလုံးရေများစွာဖြင့် ပစ်ခတ်မည်ဖြစ်ရာ နောက်ဆုံးတွင် မည်သည့်ကားက ဘေးမသီ ရန်မခ လွတ်မြောက်လာမည်နည်း။
ဘရက်ဒီတို့အဖွဲ့သည် ရွှေဖရုံသီးများကို ဝေးဝေးရောက်အောင် မပစ်နိုင်သည်ကို သိလာသည်။

(ဓာတ်ပုံ WhistlinDiesel)
ထို့ကြောင့် ရွှေဖရုံသီးများကို ဘိုလင်း ကစားသလို တောင်စောင်းအတိုင်း လိမ့်ချခဲ့ပြီး တစ်လုံးမှာ Lamborghini ကို သွားထိသည်။

(ဓာတ်ပုံ WhistlinDiesel)
ယင်းနောက်တွင် ၎င်းတို့က ပစ်ရလွယ်ကူစေရန်အတွက် ကားအားလုံးကို လောက်လွှဲနှင့် နီးနီးထားရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့တိုင် လောက်လွှဲမှာ အလုပ်မဖြစ်သောအခါ ၎င်းတို့အဖွဲ့က ရွှေဖရုံသီးများကို လက်ဖြင့်သာယူကာ ကောက်ထုကြတော့သည်။
မီးသတ်ဆေးဘူးတစ်ခုနှင့်လည်း ထု၏။

(ဓာတ်ပုံ WhistlinDiesel)
အသုံးမဝင်သော လောက်လွှဲအပေါ် ဒေါသထွက်ကာ Grenadier ကားဖြင့် လောက်လွှဲကို ဖျက်ဆီးပစ်ခဲ့ကြသည်။

(ဓာတ်ပုံ WhistlinDiesel)
ထို့ကြောင့် နောက်ဆုံးတွင် လောက်လွှဲမှာ သုံးစား၍ မရသလောက် ဖြစ်သွားသည်။
သို့သော် ၎င်းတို့အဖွဲ့ ပျော်ရွှင်နေခဲ့ပုံ ရသည်။ ယခုကဲ့သို့ လုပ်ဆောင်ခဲ့သည်မှာလည်း ထိုအချက်အတွက်ပင် ဖြစ်နိုင်ပါသည်။ ပျော်ရွှင်မှုတော့ ရရှိခဲ့ကြပုံရသဖြင့် ဤကိစ္စတွင် အဓိကကျသည်မှာ ထိုအချက်ပင် ဖြစ်ပေလိမ့်မည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref:WhistlinDiesel's team uses massive catapult to launch pumpkins at expensive supercars and immediately admits it's a 'terrible idea'