
သန့်ဇင် (NP News) - နိုဝင်ဘာလ ၁၈
မြန်မာ-ထိုင်းနယ်စပ်ဘုရားသုံးဆူမြို့တွင် DKBA နှင့်လက်နက်ကိုင်အဖွဲ့အချို့ပေါင်းကာ ကျည်ဆန်စက်ရုံ တည်ဆောက်နေကြောင်း သိရှိသူ ဒေသခံသတင်းရင်းမြစ်က NP News သို့ပြောသည်။
အဆိုပါစက်ရုံကို DKBA ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဗိုလ်အေဝမ်းက AA အဖွဲ့ အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့အချို့နှင့် ပူးပေါင်း ကာ (၂၀၂၅) ခုနှစ် ဩဂုတ်လက စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနှစ်က (၈)လပိုင်းလောက်တည်းက စ နေတာ။ အဲဒီ Project က မြန်မာ-ထိုင်းနယ်စပ်နား မှာပဲ။ ဝင်လို့မရဘူး၊ သွားလို့မရဘူး။ လုံခြုံရေးအထပ် ထပ်နဲ့ တခြားအဖွဲ့တွေနဲ့ပေါင်းပြီးလုပ်တာနေတာ။ သူတို့ကို နယ်စပ်ကနေခေါ်သွားပြီး အဲဒီမှာစတာ။ တ ရုတ်တွေပေါ့။ အဲဒီမှာ AK ကျည်တွေစထုတ်နေပြီ”ဟု အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
စက်ရုံတည်နေရာသည် အလွန်သိုဝှက်ပြီး ပြင်ပလူသာမက DKBA အဖွဲ့ဝင်များပင် ခွင့်ပြုချက် မရှိက သွားရောက်ရန်ခဲယဉ်းကြောင်း ၎င်းကဆိုသည်။ ယင်းစက်ရုံလည်ပတ်မှုမှာ လပိုင်းသာရှိသေးသော် လည်း AK-47 နှင့် M16 ကျည်ဆန်များကို စမ်းသပ် ထုတ်လုပ်နေပြီဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။
“AA အကူအညီနဲ့ ကျည်ဆန်ထုတ်တဲ့စက် ရုံကလုပ်နေပြီ။ AK ကျည်ဆန်နဲ့ M16 ကျည်ဆန် တွေ စပြီးထုတ်နေပြီ။ ဘုရားသုံးဆူဒေသထဲမှာ တရုတ်ပညာရှင်တွေခေါ်ပြီးလုပ်တာ”ဟု ၎င်းက ဆက်ပြောသည်။ ထို့နောက် မကြာမီတွင် လက်နက် စက်ရုံပါတည်ဆောက်လာနိုင်ခြေရှိပြီး ဗိုလ်အေဝမ်း နှင့် AA ထိပ် ပိုင်းခေါင်းဆောင်တို့အကြား ပူးပေါင်း မှုများမှာ ဆက်လက်အရှိန်မြင့်လာနေသည့်သဘော ရှိကြောင်းလည်း ၎င်းကဆိုသည်။
“လက်နက်စက်ရုံပါတည်ဖို့အတွက် အခု လုပ်နေပြီ။ AA က လူတွေလည်း သုံးဆူမှာ နယ်စပ် ဆက်ဆံရေးရုံးဖွင့်ထားတယ်ကြားတယ်။ ရန်ပုံငွေ အတွက် AA ကဒီဘက်မှာ စီပွားရေးတချို့ လာပြီး လုပ်နေတဲ့သဘောပေါ့”ဟု ၎င်းကပြောသည်။
ကရင်ဒေသတွင် လက်နက်စက်ရုံနှင့်ခဲ ယမ်းစက်ရုံများ ယခုနောက်ပိုင်းအတွင်း ပေါ်ပေါက် လာကြောင်း သတင်းများထွက်ပေါ်နေရာ BGF အ သွင်ပြောင်း KNA ပင်လျှင် သစ်ကတီကျေးရွာတွင် M16 ကဲ့သို့သောသေနတ်များကို ကိုယ်တိုင်ထုတ် လုပ်နိုင်သည့် စက်ရုံတည်ထောင်ထားကြောင်း သိရ သည်။
ထို့ပြင် KNA ခေါင်းဆောင်တစ်ဦးဖြစ် သည့် စောတင်ဝင်းတို့တွင် လေယာဉ်ပစ်စတင်ဂါ (Stinger) (၅) လက်ဝယ်ယူထားကြောင်းလည်း သတင်းများထွက်ပေါ်နေပြီး ယင်းလက်နက် တစ်လက်လျှင် အမေရိကန် ဒေါ်လာ (၄)သန်းအထိ ပေးချေထားကြောင်း သိရသည်။