NP News

ထိုင်းနယ်စပ်ဘက်မှ တရားမဝင်ဟု ယူဆရသောကုန်ကားများ အစီး (၅၀ဝ) ခန့် နေ့စဉ် ဝင်ရောက်နေဟု ဆို

ပုလဲ (NP News)-နိုဝင်ဘာ ၁၇
ထိုင်းနယ်စပ်ဘက်မှ တရားမဝင်ဟု ယူဆရသောကုန်ကားများ အစီး (၅၀ဝ) ခန့် နေ့စဉ်ဝင် ရောက်နေကြောင်း ဒေသခံများက NP News သို့ပြောကြားချက်များအရ သိရသည်။
(၁၂) ဘီး၊ (၆)ဘီးနှင့် 4 Wheels များအပါအဝင် တရားမဝင် ကုန်တင်ယာဉ်အစီးရေ အနည်းဆုံး (၅၀ဝ) ခန့်သည် မြန်မာ-ထိုင်း နယ်စပ်၊ ကရင်ပြည်နယ်ရှိ ကြက်ဥတောင်၊ ထော့ကော်ကိုး-နဘူးနှင့် (၁၀၁၈) လမ်းကြောင်းများမှ သွားလာနေကြောင်း သိရသည်။
“(၁၂) ဘီးတွေကအစပါတယ်။ (၁၂) ဘီး၊ (၆) ဘီး၊ (4 Wheels) ။ ဟိုတလောလေးက ဖမ်းလိုက် တော့ ဟုတ်ပြီထင်တာ။ တစ်ခါ ဖမ်းပြပြီး ပြန်အခုဆင်းတာ။ ကြက်ဥတောင်လမ်းက ကိုတင်ဝင်း။ စော တင်ဝင်း ။ ထော့ကော်ကိုးလမ်းကျတော့၊ ထော့ကိုကိုး-နဘူးလမ်းကျတော့ PC/ KNU/ KNLA-PC နောက် (၁၀၁၈) လမ်းကျတော့ ကို ချစ်သူလမ်း။ အဲဒီသုံးလမ်းလုံး ဆင်းတာနော် ကားက။ တစ်လမ်းတည်း ဆင်း တာ မဟုတ်ဘူး၊ သုံးလမ်းလုံး ဆင်းတာနော်။ ကျွန်တော်ထင်တယ် အနည်းဆုံးက အစီး (၅၀ဝ) ပဲ အဲဒီ သုံးခုပေါင်းက။ အနည်းဆုံး ပြော တာနော်” ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။
အဆိုပါ လမ်းကြောင်းများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသည့် ကုန်တင် ယာဉ်များဖြတ်သန်းနေကြခြင်းဖြစ်ပြီး သုံးလမ်းစလုံးတွင် ယာဉ်အသွားအလာများကြောင်း၊ ညပိုင်း အ ချိန်များတွင် ယာဉ်များ ပိုမိုဖြတ်သန်းကြကြောင်းလည်း ၎င်းကပြောသည်။
“ညပိုင်းဆို တစ်ညလုံး ဆင်းပြီး ညပိုင်းဆိုရင် ပိုပြီးတော့ ဖြတ်တာပေါ့။ ညဘက်သူတို့ဖြတ်ကြ တာ များတယ်လေ မဖမ်းမဆီးအောင်လေ” ဟု ပြောသည်။ ထိုသို့ ဝင်ရောက်လာသည့် တရားမဝင်ကုန် ပစ္စည်းများကို ဘားအံတောင်ကြားနှင့် သာမည အနီးတစ်ဝိုက်ရှိ ဂိုဒေါင်များတွင် ငှားရမ်း စုဆောင်းထား ပြီး ယင်းမှတစ်ဆင့် ကားအမျိုးအစားစုံဖြင့် ရန်ကုန်ဘက်သို့ ပြန်လည်သယ်ယူနေခြင်းဖြစ်ကြောင်း သိရ သည်။
“သူတို့က အဓိက ဘားအံတောင်ကြားတို့၊ သာမညဘက်တို့ နီးစပ်ရာ ဂိုဒေါင်တွေမှာ သူတို့ ငှား ပြီးတော့ ပုံနေတာ။ အဲဒီကနေပြီးတော့ ကားမျိုးစုံနဲ့ ကဲ့တာအောက်ကျတော့။ လမ်း ကြောင်းကောင်းတဲ့ လူကျတော့ ကားကြီးနဲ့။ လမ်းကြောင်းမကောင်းတဲ့ လူကျတော့ ပစ္စည်းပေါင်းစုံကို နည်းမျိုးစုံနဲ့ ကဲ့တယ်။ ဟိုရထားနဲ့ ကဲ့တာရှိရင် ရှိမယ်။ တချို့ကျတော့ သထုံဘက်ကို လောက်ပဲသွားတယ်၊ သထုံကနေ ရထားနဲ့ ပြန်ကဲ့တယ်။ တချို့ကျတော့လည်း ပုံပြီးတော့ ကားလေးတွေနဲ့ပဲ နေ့စဉ်ကဲ့နေကြတာ။ Alphard တို့၊ ကိုရီးယားကားတွေတို့ ပုံစံမျိုးတွေနဲ့ ဒီလမ်းကြောင်းမှာ ကဲ့နေကြတာ” ဟုပြောသည်။

မူရင်းသတင်း — NP News