နေပြည်တော် နိုဝင်ဘာ ၁၇
၂၀၂၇ ခုနှစ် (၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများ၊ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲများနှင့် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အားကစား ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးတို့ကို ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်စေရေးအတွက် နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်း လမ်းလျှောက်ပွဲများ၊ စုပေါင်း ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်း ပြုလုပ်ခြင်းများ၊ ၂၀၂၇ ခုနှစ် (၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူထုအားလုံးပါဝင်သည့် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုများမှ တစ်ဆင့် အားကစားအရည်အချင်း ရှိသူများကို ရှာဖွေဖော်ထုတ်ပြီး သက်ဆိုင်ရာ အားကစားနည်းများအလိုက် စနစ်တကျ လေ့ကျင့်ပျိုးထောင် ပေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မား လာစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းပေါင်းစပ် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ လူထုစုပေါင်းလမ်း လျှောက်ပွဲများနှင့် ၂၀၂၇ ခုနှစ် (၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက် လာသူများက လူထုစုပေါင်းလမ်း လျှောက်ပွဲတွင် ပါဝင်ဆင်နွှဲမည့် ဝန်ထမ်းအင်အား၊ လမ်းလျှောက်ပွဲ ဆောင်ရွက်မည့် အစီအစဉ်၊ ၂၀၂၇ ခုနှစ် (၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများနှင့် အခြေခံပညာကျောင်းများတွင် ဝန်ကြီးဌာနများအလိုက် တာဝန်ယူ ဆောင်ရွက်သွားမည့် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပြန်လည်သုံးသပ် ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်