NP News

ရှမ်းနှစ်သစ်ကူးပွဲကို ကျောက်မဲတွင်(၁၀)နှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပမည်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာလ ၁၈

ရှမ်းပြည်နယ် ကျောက်မဲမြို့တွင် ရှမ်းနှစ် သစ်ကူးပွဲတော်ကို (၁၀) နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲတော်ဖြစ်မြောက်ရေး ဆောင်ရွက်နေသူများနှင့် နီး စပ်သူတစ်ဦးက NP News သို့ပြော သည်။
“ရှမ်းနှစ်သစ်ကူးပွဲကို မကျင်းပတာက လေး၊ ငါးနှစ်တောင် မကတော့ဘူးထင်တယ်။ စစ် ဘေး မရှောင်ခင်၊ ကိုဗစ် မဖြစ်ခင်ကတည်းကဆို တော့လေ။ ရှိမယ်ဆိုရင်လည်း (၁၀)စုနှစ်တောင် ရှိ တော့မယ်ထင်တယ်။ အခုလိုမျိုး ပွဲမလုပ်တာ (၁၀) စုနှစ်လောက်တော့ရှိပါပြီ”ဟု ゞင်းကပြောသည်။ အဆိုပါပွဲကို ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ မြို့မ ဘောလုံးကွင်းတွင် လာမည့် ဒီဇင်ဘာလ (၉) ရက်နှင့် (၁၀)ရက်တွင် နှစ်ရက်တာကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။ “ဒီဇင်ဘာ (၉) ရက်၊ (၁၀) ရက် ကျင်းပမှာပါ။ နေရာကတော့ မြို့မဘောလုံးကွင်းပါ။ တစ်နေကုန် တစ်ညလုံးပဲကျင်းပသွားမှာပါ။ နှစ်ရက်၊ နှစ်ညပေါ့” ဟု ၎င်းကပြောသည်။
ထို့ပြင် ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကင်း ကွာနေသည်မှာ ကြာမြင့်ပြီဖြစ်သည့်အတွက် ရှမ်းရိုး ရာယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို ပြန်လည်ဖော် ထုတ်ပြသလိုသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။ “ကင်းကွာနေတာကြာပြီဖြစ်တဲ့ ကိုယ့်ရိုးရာကို ပြန်ပြသချင်တဲ့ရည်ရွယ်ချက်နဲ့ ကျင်းပ တာပါ။ ပွဲတော်ပြန်လုပ်ရတဲ့အတွက် ပျော်တာပေါ့။ ကျောက်မဲမြို့က ကိုယ့်ရဲ့ ရှမ်းတိုင်းရင်းသားတွေ အဓိက အများစုနေထိုင်တာပေါ့နော်။ အဲဒါကြောင့် ကိုယ့်ရဲ့ ရှမ်းပုံရိပ်ကို ပြချင်တယ်။ ကိုယ့်ရဲ့ ရိုးရာယဉ် ကျေးမှုကို ပြန်ပြသချင်တယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ပွဲတော်တွင် ရှမ်းရိုးရာ ယဉ်ကျေးမှု နှင့် သက်ဆိုင်သည့်အစီအစဉ်များကို အဓိက ထည့် သွင်းသွားမည်ဖြစ်ကာ ရှမ်းရိုးရာအကများ၊ ဂိမ်းကစား နည်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ် ပြီး ညပိုင်းတွင်လည်း စတိတ်ရှိုးပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ “အဓိကကတော့ ရှမ်းရိုးရာ အဓိကပေါ့နော်။ ရှမ်းယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ဟာ တွေ ထည့်မှာပေါ့။ နေ့ခင်းပိုင်းဆိုရင်တော့ ရှမ်းရိုးရာ အကတွေ၊ ဂိမ်းကစားတဲ့ဟာတွေ ဥပမာ ချောတိုင် တက်တာတို့၊ ဘောလုံးပေါက်တာတို့၊ ခေါင်းအုံးရိုက် တာတို့ အဲဒီဟာတွေပေါ့ ကစားနည်းတွေ ထည့်မယ်။ ညပိုင်းကျ စတိတ်ရှိုးပိုင်းတွေ ရှိပါတယ်။ အဲဒါ ပထမ ရက်။ ဒုတိယရက်ကျတော့ မနက်ပိုင်းကို ဆွမ်းကပ် မယ်။ ပြီးရင် အခမ်းအနားလုပ်မယ်။ အဲဒီ (၁၀) ရက် မှာ ရှမ်းရိုးရာအရ နှစ်ဆန်း (၁) ရက်ပေါ့။ (၉) ရက် ကတော့ နှစ်ဟောင်းပေါ့။ အဲဒီလိုပါ” ဟု ゞင်းက ပြော သည်။ ထို့ပြင် ပွဲတော်ကို ခရိုင်အဆင့်ကျင်းပရန် လျာထားပြီး ယခင်ကျင်းပခဲ့သည့်ပွဲများထက် ပိုမို စည် ကားနိုင်ကြောင်း ၎င်းကပြောသည်။ “အရင်က လုပ်ခဲ့ တဲ့ပွဲတွေထက် ပိုစည်လာနိုင်ပါတယ်။ ဘာလို့လဲဆို တော့ အခုလောလောဆယ် ပွဲကို ခရိုင်အဆင့်လို့တော့ လျာထားတယ်” ဟု ၎င်းက ပြောသည်။ ရှမ်း နှစ်သစ် ကူးပွဲတော်သည် ရှမ်းတိုင်းရင်းသားတို့၏ အရေးပါ ဆုံးသော ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်ပြီး နတ် တော်လဆန်း(၁)ရက်ကို နှစ်ဟောင်းကုန်ဆုံးပြီး နှစ် သစ်သို့ ကူးပြောင်းသည့်နေ့အဖြစ်သတ်မှတ်၍ ကျင်း ပခြင်းဖြစ်သည်။

မူရင်းသတင်း — NP News