Myanmar Digital News

မယ်လမုစေတီတော်ကြီးတွင် မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူ‌ဇော်ပွဲ အောင်ပွဲရေစက်ချအခမ်းအနား ကျင်းပ

ရန်ကုန် နို၀င်ဘာ ၁၇

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် မယ်လမုစေတီတော် ဗုဒ္ဓေါအောင်မြေတွင် မြို့နယ်လုံးဆိုင်ရာ မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူ‌ဇော်ပွဲအောင်ပွဲ ရေစက်ချအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် ဆရာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားများ နာယူကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် တာ၀န်ရှိသူများက ဆရာတော် အရှင်သူမြတ်များအား နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဇလွန်ပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။

 

အဆိုပါ မြို့နယ်လုံးဆိုင်ရာမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူ‌ဇော် ပွဲကို နိုဝင်ဘာ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။  

သက်လွင်စိုး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News