
ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံသည် မြို့တော်ဗီယင်ကျန်း၌ ကုန်းလမ်းယာဉ်အသွားအလာ ထိန်းချုပ်ရေးဗဟိုဌာန တည်ဆောက်မှုကို အပြီးသတ်နိုင်ခဲ့ပြီး ၂၀၂၇ ခုနှစ် နှစ်စပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မော်တော်ယာဉ်မှတ်ပုံတင်ခြင်းနှင့် ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ ဒစ်ဂျစ်တယ်စနစ်သစ်ကို စတင်အသုံးမပြုမီ ရှေ့ပြေးစမ်းသပ် ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၁၇ ရက်တွင် အများပိုင်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု (PPP) အစီအစဉ်ဖြင့် လက်မှတ်ရေးထိုးခဲ့သည့် မော်တော်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေးပေါင်းစည်းစီမံခန့်ခွဲမှုဆိုင်ရာစီမံကိန်း၏ တိုးတက်မှုအခြေအနေကို ဗီယင်ကျန်းမြို့၌ နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့သော အစည်းအဝေးနှင့် လုပ်ငန်းခွင်စစ်ဆေးမှုအတွင်း ပြန်လည်သုံးသပ်ခဲ့ကြောင်း လာအိုသတင်းအေဂျင်စီက နိုဝင်ဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ထိန်းချုပ်ရေးဗဟိုဌာန၏ အလိုအလျောက် CCTV ကင်မရာများဖြင့် စောင့်ကြည့်သည့်စနစ်နှင့် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများအတွက် ဒဏ်ကြေးလက်မှတ်ထုတ်ပေးသည့်စနစ်တို့ကို မော်တော်ယာဉ်နှင့် ယာဉ်မောင်းများဆိုင်ရာ ဗဟိုဒေတာဘေ့စ်များနှင့် ချိတ်ဆက်ပေါင်းစည်းထားပြီးဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
အခြေခံအဆောက်အအုံများ တိုးတက်တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိပြီး အများပြည်သူသုံး ယာဉ်ရပ်နားစခန်းများ ထပ်မံတည်ဆောက်နိုင်ရန်အတွက် နိုင်ငံပိုင်မြေနေရာများကို ရှာဖွေဖော်ထုတ်သည့် ကွင်းဆင်းလေ့လာမှုများလည်း ပြုလုပ်လျက်ရှိသည်။ တစ်ချိန်တည်းတွင်ပင် နိုင်ငံတစ်ဝန်း မော်တော်ယာဉ်မှတ်ပုံတင်ခြင်းနှင့် ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ ဒေတာဘေ့စ်၏ အဓိကဆော့ဖ်ဝဲလ်စနစ်ကိုလည်း အပြီးသတ်တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် အဆိုပါဒစ်ဂျစ်တယ်ပလက်ဖောင်းကို အစိုးရ၏ အခြားဒေတာဘေ့စ်စနစ်များနှင့် ချိတ်ဆက် ပေါင်းစည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် မော်တော်ယာဉ်ပိုင်ဆိုင်မှုကို အတည်ပြုစစ်ဆေးနိုင်ရန် ယာဉ်မှတ်ပုံတင်မှတ်တမ်းများနှင့် အိမ်ထောင်စုစာရင်း မှတ်တမ်းများကို ချိတ်ဆက်နိုင်ရေးအတွက် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် သဘောတူညီချက်တစ်ရပ် ရေးထိုးရန် ပြင်ဆင်လျက်ရှိသည်။ ၂၀၂၇ ခုနှစ် ပထမသုံးလပတ်အတွင်းတွင် ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ ဒေတာဘေ့စ်များနှင့်လည်း ချိတ်ဆက်ပေါင်းစည်းရန် စီစဉ်ထားသည်။
ဤစီမံကိန်းသည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ ယာဉ်အသွားအလာ စီမံခန့်ခွဲမှုကို ခေတ်မီအောင် ပြုလုပ်ရန်၊ မော်တော်ယာဉ် မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို ချောမွေ့မြန်ဆန်စေရန်၊ တရားဥပဒေစိုးမိုးရေးကို အားကောင်းစေရန်နှင့် ပြည်သူ့ဝန်ဆောင်မှုများကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။ (Xinhua)

…………………………………………………
(English version)
Laos advances digital transformation of vehicle, transport management
VIENTIANE, Nov. 17 (Xinhua) -- Laos has completed construction of a central land traffic control center in capital Vientiane and is preparing to pilot a new digital vehicle registration and driver licensing system ahead of its nationwide rollout in early 2027.
Progress on the Integrated Vehicle and Transport Management Project, a public-private partnership signed on Jan. 17, was reviewed on Monday at a meeting and inspection held in Vientiane, Lao News Agency reported on Tuesday.
The control center's automated CCTV monitoring and traffic violation ticketing systems have been integrated with central vehicle and driver databases, authorities said.
Infrastructure development is progressing, with surveys also underway to identify state land for additional public parking facilities. Meanwhile, the core software for the national vehicle registration and driver licensing database has been completed.
Efforts are also underway to integrate the platform with government databases. The Ministry of Public Works and Transport is preparing an agreement with the Ministry of Public Security to link vehicle and household registration records for ownership verification, while integration with telecommunications databases is planned for the first quarter of 2027.
The project aims to modernize traffic management, streamline vehicle registration and licensing, strengthen law enforcement and improve public services through digital technology. ■
Photo caption 1: This photo taken on May 30, 2026 shows a city view of Vientiane, the capital of Laos. (Photo by Kaikeo Saiyasane/Xinhua)
Photo caption 2: People walk along a street in Vientiane, the capital of Laos, May 31, 2026. (Photo by Kaikeo Saiyasane/Xinhua)