MyTech Myanmar

Apple ဝန်ဆောင်မှုများစွာမှာ ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး အသုံးပြုသူတွေ အခက်တွေ့

နိုဝင်ဘာလ ၁၇ ရက်နေ့မှာ Apple အသုံးပြုသူတွေဟာ iCloud, App Store, Apple Pay နဲ့ Apple Music အပါအဝင် ကုမ္ပဏီရဲ့ ဝန်ဆောင်မှုအများအပြားမှာ ပြဿနာတွေ ကြုံတွေ့နေရကြောင်း သတင်းပို့ခဲ့ကြပါတယ်။

 

တချို့အသုံးပြုသူတွေက သူတို့ရဲ့ Apple အကောင့်တွေကနေ ရုတ်တရက် Sign out ဖြစ်သွားပြီး ပြန်ဝင်လို့ မရဘူးလို့ ဆိုပါတယ်။ တခြားသူတွေကတော့ အက်ပ်တွေ ဒေါင်းလုဒ်ဆွဲတာ၊ ငွေပေးချေမှုတွေ ပြုလုပ်တာနဲ့ Apple ဝန်ဆောင်မှုတွေ အသုံးပြုတဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်လို့ သတင်းပို့ခဲ့ကြပါတယ်။

 

အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုသူ ထောင်ပေါင်းများစွာက ပြဿနာတွေ ရှိနေကြောင်း သတင်းပို့ခဲ့ကြပြီး တခြားနိုင်ငံတွေကနေလည်း သတင်းပို့မှုတွေ ရှိခဲ့ပါတယ်။

 

Apple က သုံးနာရီလောက် ကြာမြင့်ခဲ့တဲ့ Subscription ဝယ်ယူမှု ပြဿနာအပါအဝင် ဝန်ဆောင်မှု ပြဿနာတချို့ကို အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ သတင်းပို့ထားတဲ့ ဝန်ဆောင်မှုတွေအားလုံး ထိခိုက်မှုရှိကြောင်းကိုတော့ ကုမ္ပဏီက အတည်မပြုခဲ့ပါဘူး။

 

ပြတ်တောက်မှုရဲ့ အတိအကျ အကြောင်းရင်းနဲ့ အပြည့်အဝ သက်ရောက်မှုကတော့ မရှင်းလင်းသေးပါဘူး။ Apple ဝန်ဆောင်မှုတွေ ကမ္ဘာတစ်ဝှမ်းလုံး ပြတ်တောက်သွားတယ်ဆိုတဲ့ အတည်ပြုချက်လည်း မရှိသေးပါဘူး။

 

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar