
ဆန်းကျန့်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်-ကနေဒါ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးနှင့် ဖွံ့ဖြိုးရေးသည် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးသည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့အတွက် အထောက်အကူပြုသည့် မှန်ကန်သော ရွေးချယ်မှုဖြစ်သည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် တွေ့ဆုံဆွေးနွေးစဉ် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာအတွင်း တရုတ်-ကနေဒါ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာမှုက အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှဆက်ဆံမှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုတို့အပြင် တူညီမှုများကို ရှာဖွေ၍ ကွဲပြားခြားနားချက်များအား လေးစားခြင်းတို့ မရှိမဖြစ် လိုအပ်ကြောင်းကို ပြသနေသည်ဟု ရှီက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ကနေဒါနိုင်ငံနှင့်အတူ လက်တွဲ၍ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပုံစံသစ် ပိုမိုတိုးတက်ခိုင်မာလာစေရေး ဆောင်ရွက်သွားရန် အသင့်ရှိသည်ဟုလည်း ရှီက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................
(English Version)
Xi says improvement, development of China-Canada relations right choice
SHENZHEN, Nov. 17 (Xinhua) -- Chinese President Xi Jinping said Tuesday that the improvement and development of China-Canada relations is a right choice that serves the interests of both peoples and is conducive to world peace, stability, development and prosperity.
Xi made the remarks while meeting with Canadian Prime Minister Mark Carney in Shenzhen, south China's Guangdong Province.
The development of China-Canada relations over the years has shown that mutual respect, equality and mutual benefit, and seeking common ground while respecting differences are essential, Xi said.
China stands ready to work with Canada to further advance the new type of strategic partnership between the two countries, he added. ■
Photo captions: Chinese President Xi Jinping meets with Canadian Prime Minister Mark Carney, who is in China to attend the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting, in Shenzhen, south China's Guangdong Province, Nov. 17, 2026. (Xinhua/Liu Weibing)