Xinhua Myanmar

ဘာရိန်းနိုင်ငံရှိ အမေရိကန် ရေဒါစခန်းတစ်ခု တိုက်ခိုက်ခံရသည်ဟု သတင်းထွက်ပေါ်ပြီးနောက် အမေရိကန်က အီရန်ပိုင် Qeshm ကျွန်းကို တိုက်ခိုက်

အိုမန်နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးပို့သော ဟော်မုဇ်ရေလက်ကြား၏ မြင်ကွင်းဓာတ်ပုံကို ၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်က တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ်သည် နိုဝင်ဘာ ၁၇ ရက်က ဟော်မုဇ်ရေလက်ကြားရှိ Qeshm ကျွန်းပေါ်တွင် တည်ရှိသော အီရန်ဒုံးကျည်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားခဲ့ပြီး ဤတိုက်ခိုက်မှုကို "မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်း"ဟု ဖော်ပြခဲ့သည်။  

ဤတိုက်ခိုက်မှုသည် အမေရိကန် ဝန်ထမ်းများနှင့် ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားသည့် အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ ရန်လိုမှုအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်သည်" ဟု အဆိုပါ အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ CBS News သတင်းဌာနက ဖော်ပြထားသည်။  

အီရန်နိုင်ငံက ဘာရိန်းနိုင်ငံရှိ အမေရိကန် ရေဒါစခန်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု သတင်းထွက်ပေါ်ပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်ဗဟိုကွပ်ကဲရေးဌာနချုပ် က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ငါးရက်အတွင်း အီရန်နိုင်ငံက အမေရိကန် စစ်စခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည့် တတိယအကြိမ်မြောက် ဖြစ်ရပ်ဖြစ်ပြီး၊ ယင်းကြိုးပမ်းမှု အားလုံးကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း CBS News သတင်းဌာနက ဖော်ပြထားသည်။  

အီရန်နိုင်ငံပိုင် IRNA သတင်းဌာနက Hormozgan ပြည်နယ်၏ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအုပ်ချုပ်ရေးမှူး Ahmad Nafisi ၏ ပြောကြားချက်ကို ကိုးကားဖော်ပြရာတွင် အမေရိကန်ဘက်က Qeshm ကျွန်းကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း လူနေအိမ်များ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ သို့မဟုတ် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………………………

(English version)

U.S. strikes Iran's Qeshm Island after reported attack on Bahrain radar site

WASHINGTON, Nov. 17 (Xinhua) -- The U.S. military on Tuesday launched strikes on an Iranian missile site on Qeshm Island in the Strait of Hormuz, a U.S. military official said, describing the strike as an act of "self-defense."

"The strike was in response to IRGC aggression targeting U.S. personnel and assets," CBS News quoted the official as saying, referring to Iran's Islamic Revolution Guard Corps.

The strikes came hours after Iran reportedly targeted a U.S. radar site in Bahrain. The U.S. Central Command said the attack was intercepted.

It was Iran's third attempted strike on a U.S. military installation in the last five days, all of which were intercepted, according to the CBS News report.

Iran's official IRNA news agency quoted Ahmad Nafisi, Hormozgan's deputy governor for political and security affairs, as confirming the U.S. strikes on Qeshm Island but saying they caused no damage to residential, commercial or infrastructure facilities.  ■

Photo caption: photo provided by Oman's Ministry of Information on June 20, 2026 shows a view of the Strait of Hormuz. (Xinhua)

မူရင်းသတင်း — Xinhua Myanmar