
ဂျေရုဆလမ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အခြေချနေထိုင်ရာနေရာများ တိုးချဲ့မှုတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီ ရှစ်ခုနှင့် ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့မှုကို ပိတ်ဆို့တားဆီးသည်ဟု စွပ်စွဲခံထားရသည့် အစ္စရေးတက်ကြွလှုပ်ရှားသူအဖွဲ့ Tzav 9 တို့အပေါ် ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံက ဗြိတိန်အပေါ် တန်ပြန်အစီအမံများ ချမှတ်၍ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသတွင် အခြေချနေထိုင်မှုများ အားကောင်းစေရန် နည်းလမ်းများအား စဉ်းစားမည်ဟု နိုဝင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါပိတ်ဆို့အရေးယူမှုများကို "ဥပဒေလိုက်နာသည့် ပုဂ္ဂလိကကုမ္ပဏီများ" အား ပစ်မှတ်ထားသည့် "ရန်လိုသော လုပ်ရပ်" အဖြစ် ခေါ်ဝေါ်လျက် အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gideon Sa'ar က အစ္စရေးနိုင်ငံအနေဖြင့် ပြင်ပဖိအားများကြောင့် ၎င်း၏ မူဝါဒများကို ပြောင်းလဲမည်မဟုတ်ကြောင်းနှင့် အနောက်ဘက်ကမ်းဒေသရှိ ဂျူးလူမျိုးအသိုင်းအဝိုင်းများကို အားကောင်းစေမည့် နည်းလမ်းသစ်များအား စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"အတိတ်တုန်းကလိုပဲ အစ္စရေးနိုင်ငံဟာ ဗြိတိန်အစိုးရရဲ့ လုပ်ရပ်တွေကို တန်ပြန်အစီအမံတွေနဲ့ တုံ့ပြန်မှာပါ" ဟု Sa'ar က လူမှုကွန်ရက်ပလက်ဖောင်း X တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။ "လက်ရှိမှာ ဖြစ်နိုင်ခြေရှိတဲ့ တုံ့ပြန်ဆောင်ရွက်မှုအမျိုးမျိုးကို ထည့်သွင်းစဉ်းစားလျက်ရှိပါတယ်" ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါပိတ်ဆို့အရေးယူမှုများတွင် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပိတ်ပင်ခြင်းနှင့် ဒါရိုက်တာများအား ရာထူးတာဝန်ထမ်းဆောင်ခွင့် ပိတ်ပင်ခြင်း၊ အခြေချနေထိုင်မှုများကို ထောက်ပံ့ပေးနေသည့် ဆောက်လုပ်ရေး၊ အိမ်ခြံမြေဖွံ့ဖြိုးရေးနှင့် ဗိသုကာလုပ်ငန်း ကုမ္ပဏီများကို ပစ်မှတ်ထား၍ ပိတ်ဆို့အရေးယူခြင်း၊ ဂါဇာဒေသသို့ ဦးတည်သွားနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်းအချို့အား ပိတ်ဆို့တားဆီးခဲ့သည့် Tzav 9 အဖွဲ့ကို ပိတ်ဆို့အရေးယူခြင်းတို့ ပါဝင်ကြောင်း ဗြိတိန်က အစ္စရေးနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။
E1 အခြေချနေထိုင်မှုစီမံကိန်းအတွက် တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်မတိုင်မီ အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ E1 အခြေချနေထိုင်မှုစီမံကိန်းသည် အနောက်ဘက်ကမ်းဒေသကို အရှေ့ဂျေရုဆလမ်မှ ခွဲထုတ်ပစ်မည့်အပြင် ပါလက်စတိုင်းနိုင်ငံ ဖြစ်လာနိုင်ခြေကိုပါ ထိခိုက်ပျက်ပြားစေနိုင်သောကြောင့် ပါလက်စတိုင်းသားများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ယင်းစီမံကိန်းကို များစွာ ကန့်ကွက်ရှုတ်ချထားကြသည်။
ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းက ကုမ္ပဏီများအနေဖြင့် ၎င်းလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းမပြုကြရန် တိုက်တွန်းထားသည်။ "တင်ဒါမတင်ပါနဲ့၊ တည်ဆောက်ခြင်းမပြုပါနဲ့၊ နှစ်နိုင်ငံဖြေရှင်းရေးအစီအစဉ် ပျက်စီးဆုံးရှုံးရခြင်းကနေ အကျိုးအမြတ်မယူပါနဲ့" ဟု အက်ဒ် မီလီဘန်းက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အစ္စရေး၏ အဆိုပါအခြေချနေထိုင်မှုများမှာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ဗြိတိန်က ပြောကြားခဲ့ပြီး အစ္စရေးအစိုးရအနေဖြင့် ၎င်းအခြေချနေထိုင်ရာနေရာများ တိုးချဲ့လာစေရန် ပေးကူညီနေသည်ဟု စွပ်စွဲလိုက်သည်။ ထို့ပြင် ရွက်ဖျင်တဲများ သို့မဟုတ် ယာယီခိုလှုံရာနေရာများတွင် လူဦးရေ ၁.၄ သန်းခန့် နေထိုင်လျက်ရှိသည့် ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုဝင်ရောက်ခွင့်ပြုရန်လည်း အစ္စရေးကို ဗြိတိန်က တိုက်တွန်းသည်ဟုလည်း အဆိုပါကြေညာချက်၌ ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

..........................................
(English Version)
Israel says to take countermeasures, bolster settlements after British sanctions
JERUSALEM, Nov. 17 (Xinhua) -- Israel said on Tuesday it would take countermeasures against Britain and consider ways to strengthen settlements in the occupied West Bank, after London imposed sanctions on eight companies involved in settlement expansion and on Tzav 9, an Israeli activist group accused of blocking aid to Gaza.
Calling the sanctions a "hostile act" targeting "private, law-abiding companies," Israel's Foreign Minister Gideon Sa'ar said Israel would not change its policies under external pressure and would consider new ways to strengthen Jewish communities in the West Bank.
"As in the past, Israel will respond to the British government's actions with countermeasures," Sa'ar said in a statement released on social media platform X. "A wide range of possible responses is currently under consideration."
In a statement announcing the sanctions, distributed by the British Embassy in Israel, Britain said the measures, including asset freezes and director disqualifications, targeted construction, property development, and architectural firms that support settlements, as well as Tzav 9, which blocked several Gaza-bound humanitarian aid convoys.
The announcement comes ahead of final tender deadlines for the E1 settlement project, a move widely denounced by the Palestinians and the international community because it would separate the West Bank from East Jerusalem and undermine the viability of a Palestinian state.
British Foreign Secretary Ed Miliband urged companies not to participate. "Do not bid, do not build, and do not profit from the destruction of the two-state solution," he said in the statement.
Britain said settlements were a flagrant breach of international law and accused Israel's government of facilitating their expansion. It also urged Israel to allow more aid into Gaza, where it said 1.4 million people were living in tents or makeshift shelters. ■
Photo caption: This photo taken on Aug. 9, 2026 shows an Israeli settlement under construction in the West Bank, near Jerusalem. (Photo by Gil Cohen Magen/Xinhua)