Xinhua Myanmar

တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီး‌အစည်းအဝေး ဖွင့်ပွဲအခမ်းအနားနေရာ ဖြစ်သော ချန်ဟိုင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ အပြင်ဘက်မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံ ခေါင်းဆောင်များက မကြာခင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသော အရေးကြီးကိစ္စရပ်များအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက နိုဝင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် နိုဝင်ဘာ ၁၉ ရက်၌ ပြုလုပ်မည့် သုံးနိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးနှင့် စပ်လျဉ်း၍ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ကောက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

……………………

(English Version)

China-Russia-U.S. summit to discuss global peace

  BEIJING, Nov. 18 (Xinhua) -- The heads of state of China, Russia and the United States will have an in-depth exchange of views on important issues concerning global peace in their upcoming summit, Chinese foreign ministry spokesperson Guo Jiakun said on Wednesday.

Guo made the remarks at a regular news briefing when asked about the trilateral leaders' summit in China's Shenzhen on Nov. 19.

Photo caption: This photo taken on Nov. 18, 2026 shows an exterior view of the Qianhai International Convention Center, the venue for the opening ceremony of the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 in Shenzhen, south China's Guangdong Province. (Xinhua/Liang Xu)

မူရင်းသတင်း — Xinhua Myanmar