Myanmar Digital News

အောင်လံမြို့၌ အယ်လ်နီညိုကာလအတွင်း မီးခိုးမြူငွေ့လျှော့ချနိုင်ရေး အသိပညာပေး

အောင်လံ နိုဝင်ဘာ ၁၈

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် အယ်လ်နီညိုရာသီဥတု ကာလအတွင်း မီးခိုးမြူငွေ့ လျှော့ချရေးအသိပညာပေး ဗီနိုင်းစိုက်ထူခြင်းကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့ တမာပင် တာဂွလမ်းဆုံ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း‌ရှေ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တို့၌ ဆောင်ရွက်သည်။

 

ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရန်ကုန်-ပြည် လမ်းမကြီးပေါ်တွင် အယ်လ်နီညိုကာလအတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လျှော့ချနိုင်ရေး ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ခရီးသွားပြည်သူများနှင့် ကျောင်းသား ကျောင်းသူများထံသို့ အသိပညာပေး လက်ကမ်းစာစောင် ၆၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News