မိုးနဲ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် သစ်တောဦးစီးဌာနမှ အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ လျှော့ချခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက နာဟောင်ရပ်ကွက် ရွှေကျောင်းတော်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာနမှူးက အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ စိုက်ပျိုးရေး ထိခိုက်လာနိုင်ခြင်းနှင့် ကျန်းမာရေးပြဿနာများ၊ ရေကိုချွေတာသုံးစွဲခြင်း၊ အပူဒဏ်ကာကွယ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကြရမည့်နည်းလမ်းများကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)