နိုဝင်ဘာ ၁၉
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမာမိုတိုစီရင်စုတွင် ပြင်းအား ၅ ဒသမ ၇ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ထပ်မံငလျင်လှုပ်ခတ်နိုင်ခြေရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် သတိဝီရိယရှိကြရန် မိုးလေဝသအေဂျင်စီက ယနေ့ နံနက်အစောပိုင်းတွင် တိုက်တွန်းထားသည်။
ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က အလားတူပြင်းထန်တဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်နိုင်သဖြင့် ဒေသခံများအနေဖြင့် သီတင်းပတ်တစ်ပတ်ကြာ သတိထားနေကြရန် ပြောကြားခဲ့သည်။
အဆိုပါငလျင်သည် ထိုစီရင်စု၏ အမာကူဆာ-အာရှီကီတာဒေသ၌ ဗဟိုပြုပြီး မြေအောက် ၁၀ ကီလိုမီတာတွင် ဒေသစံတော်ချိန် မနက် ၂ နာရီ ၂၂ မိနစ်ခန့်က လှုပ်ခတ်ခဲ့သည်။ စီရင်စု၏အချို့နေရာများတွင် သုညမှ ခုနစ် အထိရှိသော ဂျပန်နိုင်ငံ၏ငလျင်ပြင်းအားစကေးအဆင့် ငါး အောက်သာ ရှိကြောင်းနှင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ပြောကြားသည်။
ထိုငလျင်လှုပ်ခတ်မှုကြောင့် မီနာမတာနှင့် ကူမာမြို့နယ်အစိုးရများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ဟာကာတာဘူတာနှင့် ကာဂိုရှီးမားချူးအိုဘူတာအကြား ပြေးဆွဲနေသည့် ကျူရှူးရှင်ကန်ဆင် ကျည်ဆန်ရထားခရီးစဉ် ရှစ်ခုကိုလည်း ရပ်ဆိုင်းခဲ့ရပြီး ခရီးသည် ၅၆၀၀ ခန့် ထိခိုက်မှုရှိခဲ့ကြောင်း JR Kyushu က ထုတ်ပြန်ခဲ့သည်။
ဂျပန်မိုးလေဝသအေဂျင်စီ၏ပြောကြားချက်အရ ယင်းငလျင်လှုပ်ခတ်မှုကို ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ အဓိကကျွန်းဖြစ်သော ကျူရှူးကျွန်းတစ်ဝန်းအပြင် ရှီကိုကုနှင့် ဟွန်ရှူးကျွန်းတို့၏ အချို့ဒေသများတွင်လည်း သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
ဇူလိုင် ၂၈ ရက်နေ့က ကူမာမိုတိုစီရင်စုတွင် ပြင်းအား ၇ ဒသမ ၁ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဂျပန်နိုင်ငံ၏ ငလျင်အတိုင်းအတာအရ အချို့နေရာများတွင် အမြင့်ဆုံး ခုနစ် ပမာဏရှိခဲ့ပြီး လူ ၃၀ ကျော် သေဆုံးကာ စက္ကူစက်ရုံတစ်ခုရှိ မီးခိုးတိုင်ပြိုကျခြင်းအပါအဝင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
ယနေ့ လှုပ်ခတ်ခဲ့သည့် ငလျင်သည် ဩဂုတ်လ ၁ ရက်နောက်ပိုင်း ကူမာမိုတိုစီရင်စုအတွင်း ငလျင်ပြင်းအား အဆင့် ငါး အောက် သို့မဟုတ် ယင်းထက်ပိုမိုမြင့်မားသည့် အဆင့်ဖြင့် ငလျင်လှုပ်ခတ်မှုတွင် ပထမဆုံးဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို