
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၉
တရုတ်၊ ရုရှားနှင့် အမေရိကန် သမ္မတများ ဖြစ်ကြသည့် ရှီကျင့်ဖျင်၊ ဗလာဒီမာ ပူတင်နှင့် ဒေါ်နယ်ထရမ့်တို့သည် တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် သမိုင်းဝင် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
အမေရိကန်သမ္မတ ထရမ့်က အဆိုပါ ဆွေးနွေးပွဲကို မရှိမဖြစ် လိုအပ်သည်ဟု ဖော်ပြခဲ့ပြီး၊ ပြိုင်ဘက်များနှင့် ဆွေးနွေးပြောဆိုရန် ငြင်းပယ်ခဲ့ကြသည့် ၎င်း၏ ယခင် အမေရိကန်သမ္မတဟောင်းများကို ဝေဖန်ပြောကြားခဲ့သည်။
ရုရှား-အမေရိကန်-တရုတ်တို့သည် စစ်အေးတိုက်ပွဲ စိတ်ဓာတ်ကို စွန့်လွှတ်သင့်သည်' ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်ကပြောကြား သည်။
ရှန်ကျန်းမြို့တွင် ကျင်းပသည့် "သမိုင်းဝင်" သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးတွင် သမ္မတရှီက နိုင်ငံသုံးနိုင်ငံကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး နိုင်ငံသုံးနိုင်ငံသည် မိတ်ဖက်များ ဖြစ်သင့်သည်ဟု ပြောကြားခဲ့သည်။
ထိုအပြင် တရုတ်သမ္မတ ရှီကျင့်ဖျင် - 'အင်အားကြီးနိုင်ငံများသည် အထိမခံနိုင်သော ကိစ္စရပ်များတွင် တစ်နိုင်ငံ၏ နောက်ဆုံးစည်း (bottom lines) ကို တစ်နိုင်ငံက မထိပါးသင့်ကြောင်း သတိပေးခဲ့သည်။သမ္မတရှီက ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတထရမ့်တို့အား "အင်အားကြီးနိုင်ငံများသည် အထိမခံနိုင်သော ကိစ္စရပ်များတွင် တစ်နိုင်ငံ၏ နောက်ဆုံးစည်းကို တစ်နိုင်ငံက မထိပါးသင့်" ဟု ပြောကြားခဲ့သည်။
ခေါင်းဆောင်များသည် "အချင်းချင်း၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့မှုနှင့် အဓိက အကျိုးစီးပွားများကို လေးစားသင့်" ကြောင်း တရုတ်သမ္မတက ဖြည့်စွက်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံပိုင် ဆင်ဟွာ (Xinhua) သတင်းဌာန၏ ဖော်ပြချက်အရ တရုတ်သမ္မတ ရှီက ထရမ့်အား အမေရိကန်-တရုတ် ဆက်ဆံရေးတွင် ကြီးမားသော ဆုတ်ယုတ်မှုများ မဖြစ်ပေါ်စေရန် တရုတ်တိုင်ပေကိစ္စနှင့် ပတ်သက်၍ အမေရိကန်ဘက်က "မှန်ကန်သော လုပ်ရပ်" ကို လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
'သမိုင်းဝင်' ထိပ်သီးအစည်းအဝေးတွင် နျူကလီးယားလက်နက်များကို တားမြစ်ဖျက်ဆီးရန် တရုတ်သမ္မတကတောင်းဆို ခဲ့ကြောင်း သိရသည်။
တရုတ်သမ္မတက နျူကလီးယားလက်နက်များကို ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ပြီး လုံးဝဖျက်ဆီးပစ်ကာ နျူကလီးယားကင်းမဲ့သည့် ကမ္ဘာတစ်ခုကို တည်ဆောက်သင့်သည် ဟု ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ နျူကလီးယားစစ်ပွဲကို အနိုင်ရရှိနိုင်မည် မဟုတ်သလို တိုက်ခိုက်ခြင်းလည်း မပြုသင့်ကြောင်းl နျူကလီးယားစစ်ပွဲကိုတားဆီးရန် အစွမ်းကုန် ကြိုးပမ်းရမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ထိုအပြင် ရုရှား-အမေရိကန်-တရုတ်တို့သည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို ပိုမိုခိုင်မာစေနိုင်ကြောင်း ရုရှားသမ္မတပူတင် ပြောကြား သည်။
ရုရှား၊ တရုတ်နှင့် အမေရိကန်တို့သည် အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်ပါက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို ပိုမိုခိုင်မာစေနိုင်ကြောင်းသမ္မတ ပူတင်ကပြောကြားခဲ့သည်။
၎င်း အပြင် သမ္မတရှီနှင့်သမ္မတ ထရမ့်တို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း ကိစ္စရပ်များအပြင် စွမ်းအင်လုံခြုံရေးကိုလည်း ဆွေးနွေးသင့်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရုရှား၊ အမေရိကန်နှင့် တရုတ်တို့သည် ဒုတိယကမ္ဘာစစ်တွင် အောင်ပွဲခံခဲ့သော နိုင်ငံများအဖြစ် ရပ်တည်မှုကြောင့်သာမက နိုင်ငံတကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တာဝန်ရှိမှုကြောင့်လည်း စည်းလုံးညီညွတ်ကြသည်ဟု ပူတင်ကပြောကြားခဲ့သည်။