Xinhua Myanmar

နိုင်ငံကြီးများ ကောင်းမွန်စွာ အပြန်အလှန်ဆက်ဆံမှုက ရွေးချယ်ရမည့်ကိစ္စမဟုတ်ဘဲ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း ရှီကျင့်ဖိန် ဆို

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ၎င်း၏ဇနီး ဖုန်လိယွမ်တို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက် ညပိုင်းတွင် ဆန်းကျန့် အပြည်ပြည်ဆိုင်ရာဖလှယ်ရေးစင်တာ၌ ညစာစားပွဲ ကျင်းပ၍ ၃၃ ကြိမ်မြောက် အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်လာသော နိုင်ငံခြား ဧည့်သည်တော်များကို ကြိုဆိုခဲ့ရာ ညစာစားပွဲမတိုင်မီ ရှီကျင့်ဖိန်နှင့် ရုရှားသမ္မတ ပူတင်၊ အမေရိကန် သမ္မတ ထရမ့်တို့ ဖလှယ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ရုရှားနိုင်ငံ သမ္မတ ပူတင်၊ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့နှင့်အတူ တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က ယနေ့ကမ္ဘာကြီးသည် အပြန်အလှန်အဆက်အသွယ်ပြတ်နေကြသည့် အထီးကျန်ကျွန်းစုများ မဟုတ်တော့ကြောင်း၊ လူသားများသည်  ကမ္ဘာ့ကျေးရွာကြီးတစ်ခုတည်းတွင် အတူနေထိုင်ကြရာ တစ်ဦးကောင်းစားလျှင် အားလုံးကောင်းစားသကဲ့သို့ တစ်ဦးနစ်နာလျှင် အားလုံးနစ်နာကြသဖြင့် အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ခုဖြစ်ကြောင်း၊ ဤကမ္ဘာ့ကျေးရွာကြီးတွင် နိုင်ငံကြီးများက သူမတူသော တာဝန်ကို ပခုံးထက် ထမ်းရွက်ထားရကြောင်း၊ နိုင်ငံကြီးများ ကောင်းမွန်စွာ အပြန်အလှန်ဆက်ဆံမှုသည် ရွေးချယ်ရမည့်မေးခွန်း မဟုတ်ဘဲ မဖြစ်မနေ ဖြေဆိုရမည့် မေးခွန်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံသည် တရုတ်-ရုရှား‌ ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တွန်းအားပေးဖော်ဆောင်ပြီး အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေးကိုလည်း တက်ကြွစွာ တည်ဆောက်ခဲ့ရာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော၊ အခြေအနေတစ်ရပ်လုံးအားဖြင့် တည်ငြိမ်သော၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီး ဆက်ဆံရေး အခင်းအကျင်းကို ဖြစ်တည်လာစေရန် တွန်းအားပေး ဖော်ဆောင်ခဲ့ကြောင်း၊ ယင်းသည် အပြန်အလှန် အကျိုးဖြစ်ထွန်းစေခဲ့သလို ကမ္ဘာကြီးကိုလည်း အကျိုးပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိကမ္ဘာကြီးတွင် ရာစုနှစ် အခင်းအကျင်းပြောင်းလဲမှု အရှိန်မြင့်စွာ ဆင့်ကဲဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာမြေကြီးသည် တည်ငြိမ်အေးချမ်းမှု မရှိလှကြောင်း၊ မိုးဒဏ်လေဒဏ်များကြားတွင် တာဝန်ယူမှုကို တွေ့မြင်နိုင်ကြောင်း၊ ကမ္ဘာ့အဓိကနိုင်ငံကြီးများနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်-ရုရှား-အမေရိကန် တို့သည် စံပြနမူနာအနေဖြင့် ကောင်းမွန်စွာ ဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းကိုင်တွယ်စီမံကာ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်မှုကို အတူတကွ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် လူသားမျိုးနွယ် တိုးတက်မှုအတွက် ပိုမိုကြီးမားသော တာဝန်များကို တစ်တပ်တစ်အား ထမ်းဆောင်မှုများ လုပ်ဆောင်သင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

习近平:大国良性互动不是选择题,而是必答题

新华社深圳11月19日电(记者冯歆然、梁旭)11月19日下午,国家主席习近平在深圳同俄罗斯总统普京、美国总统特朗普举行中俄美元首会晤。  

习近平指出,当今世界早已不是彼此隔绝的孤岛。人类生活在同一个地球村,大家一荣俱荣、一损俱损,是一个命运共同体。在这个地球村里,大国肩负着特殊责任。大国良性互动不是选择题,而是必答题。近年来,中国推进中俄新时代全面战略协作伙伴关系,积极构建中美建设性战略稳定关系,推动形成和平共处、总体稳定、均衡发展的大国关系格局,既惠及彼此,又造福世界。当前,世界百年变局加速演进,天下并不太平。风雨见担当。作为世界主要大国和联合国安理会常任理事国,中俄美应该当好表率,合作应对全球性挑战,共同维护世界和平稳定,为人类进步作出更大贡献。(完)

图说:11月18日晚,国家主席习近平和夫人彭丽媛在深圳国际交流中心举行宴会,欢迎出席亚太经合组织第三十三次领导人非正式会议的来宾。这是宴会前,习近平同俄罗斯总统普京、美国总统特朗普交流。 新华社记者 丁林 摄

မူရင်းသတင်း — Xinhua Myanmar