
မြန်မာနိုင်ငံ၏ ထိပ်တန်း ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနှင့် နည်းပညာဝန်ဆောင်မှုပေးသူ U9 က သုံးစွဲသူများ၏ အိပ်မက်များ အကောင်အထည်ဖော်နိုင်မည့် အခွင့်အရေးများ ဖန်တီးပေးရန် ဒုတိယအကြိမ် ကျင်းပခဲ့သည့် “ဈေးကြီးတဲ့အိပ်မက်” ကံစမ်းမဲအစီအစဉ်၏ အဓိကဆုကြီးဖြစ်သော Leapmotor B10 လျှပ်စစ်ကား (EV) ကံထူးရှင်ရွေးချယ်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ Times City Complex ၌ ကျင်းပခဲ့သည်။

“ဈေးကြီးတဲ့အိပ်မက်” ကံစမ်းမဲအစီအစဉ်ကို U9 သုံးစွဲသူများအနေဖြင့် နေ့စဉ်ဆက်သွယ်ရေးဝန်ဆောင်မှုများ အသုံးပြုရင်း ကြီးမားသော အိပ်မက်များ အမှန်တကယ်ဖြစ်လာစေရန် ရည်ရွယ်၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်မှ ဇွန်လ ၆ ရက်အထိ ကျင်းပခဲ့သည့် ပထမအကြိမ် “Big Dream” ဈေးကြီးတဲ့အိပ်မက် ကံစမ်းမဲအစီအစဉ်တွင် သုံးစွဲသူများ၏ တခဲနက်ပါဝင်အားပေးမှုဖြင့် အောင်မြင်မှုရရှိခဲ့ပြီးနောက် U9 က အဆိုပါအောင်မြင်မှုကို ဆက်လက်တည်ဆောက်ရန် ဒုတိယအကြိမ် “ဈေးကြီးတဲ့အိပ်မက်” ကံစမ်းမဲအစီအစဉ်ကို ထပ်မံမိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

“ငွေကျပ် ၁,၀၀၀ ဖြင့် သိန်းထောင်ချီတန် အိပ်မက်များကို U9 နှင့်အတူ အကောင်အထည်ဖော်လိုက်ပါ” ဟူသော ဆောင်ပုဒ်ဖြင့် ဒုတိယအကြိမ် “ဈေးကြီးတဲ့အိပ်မက်” အစီအစဉ်ကို ဩဂုတ်လ ၁၅ ရက်မှ နိုဝင်ဘာလ ၁၂ ရက်အထိ သုံးလတာကာလ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခဲ့သည်။ အစီအစဉ်တွင် Data၊ Voice သို့မဟုတ် Combo Pack တစ်ခုခုကို ၉၉၉ ကျပ်နှင့် အထက် ဝယ်ယူသူများ အနေဖြင့် ဝယ်ယူမှု တစ်ကြိမ်စီအတွက် *834# သို့ခေါ်ဆိုကာ ၁၀၀ရာခိုင်နှုန်းအထိ ပြန်အမ်းငွေများကိုလည်း ရရှိခဲ့သည်။

အစီအစဉ်တွင် အဓိကဆုကြီးဖြစ်သည့် Leapmotor B10 လျှပ်စစ်ကား (EV) အပြင် အပတ်စဉ် ကံထူးရှင် ၃ ဦးစီအတွက် Apple iPhone 17 Pro Max (256GB)၊ Samsung S26 Ultra နှင့် Xiaomi 17 5G စမတ်ဖုန်းများကိုလည်း ထည့်သွင်းပေးအပ်ခဲ့သည်။

တစ်နိုင်ငံလုံးမှ သုံးစွဲသူများစွာ ပါဝင်ခဲ့သည့် အဆိုပါကံစမ်းမဲအစီအစဉ်၏ အထူးဆုကြီး ကံထူးရှင်ရွေးချယ်ပွဲကို Facebook LIVE မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ကြည့်ရှုသူပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်ကောင်းများစွာဖြင့် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အနုပညာရှင်များဖြစ်သည့် Joker နှင့် Ye Lay တို့၏ တေးဂီတဖျော်ဖြေမှုများ၊ RVC Dance Group ၏ အကအလှဖျော်ဖြေမှုများအပြင် တက်ရောက်လာသော အနုပညာရှင်များက ပရိတ်သတ်များနှင့်အတူ ဂိမ်းများကစားပြီး တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

အခမ်းအနား၏ အဓိကအစီအစဉ်ဖြစ်သည့် Leapmotor B10 လျှပ်စစ်ကား (EV) ကံထူးရှင်ရွေးချယ်မှုကို ကွန်ပျူတာစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ပြုလုပ်ခဲ့ရာ မော်လမြိုင်မြို့နယ် မှ ကိုမြင့်လှိုင် က အဓိကဆုကြီးကို ဆွတ်ခူးရရှိခဲ့သည်။ ကံထူးရှင်အား U9 ၏ တရားဝင်ဖုန်းနံပါတ်မှတစ်ဆင့် အခမ်းအနားအတွင်း တိုက်ရိုက်ဆက်သွယ်အကြောင်းကြားခဲ့ပြီး ဆုရရှိမှုကို အတည်ပြုခဲ့သည်။ ၎င်းအပြင် ကံစမ်းမဲအစီအစဥ် ၏ နောက်ဆုံးအပတ်အတွက် Apple iPhone 17 Pro Max (256GB)၊ Samsung S26 Ultra နှင့် Xiaomi 17 5G စမတ်ဖုန်းကံထူးရှင်များကိုပါ ရွေးချယ်ခဲ့သည်။

U9 ၏ Chief Marketing Officer ဖြစ်သူ Hendra Saputra က “ဈေးကြီးတဲ့အိပ်မက် ရဲ့ ဒုတိယအကြိမ်အစီအစဉ်ကနေတစ်ဆင့် သုံးစွဲသူတွေရဲ့ နေ့စဉ်အသုံးပြုမှုတွေကနေ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ U9 အပေါ် ယုံကြည်အားပေးပြီး အစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ သုံးစွဲသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်ပြီးလည်း သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေ၊ တန်ဖိုးရှိတဲ့ အကျိုးခံစားခွင့်တွေနဲ့ အမှတ်တရဖြစ်စေမယ့် အတွေ့အကြုံတွေကို ဆက်လက်ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။U9 သည် “ဈေးကြီးတဲ့အိပ်မက်” ကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများအတွက် တန်ဖိုးရှိသော ဆုလက်ဆောင်များနှင့် အခွင့်အရေးများကို စဥ်ဆက်မပြတ်ဖန်တီးပေးသွားမည်ဖြစ်ပါသောကြောင့် သုံးစွဲသူများအနေဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ပက်ကေ့ချ်များ ဝယ်ယူပြီးတိုင်း *834# သို့ ခေါ်ဆိုကာ မိမိတို့၏ ကံစမ်းမဲအခွင့်အရေးများကို စစ်ဆေးနိုင်သည့်အပြင် နောက်ထပ်ပရိုမိုးရှင်းအစီအစဉ်များကိုလည်း လက်မလွတ်တမ်း ပါဝင်နိုင်ပါသည်။ အဆိုပါအစီအစဉ်များမှတစ်ဆင့် သုံးစွဲသူများ၏ ကြီးမားသော အိပ်မက်များ အကောင်အထည်ဖော်နိုင်မည့် အခွင့်အရေးများနှင့် အမှတ်တရအတွေ့အကြုံကောင်းများကို U9 မှ အစဉ်အမြဲ ဖော်ဆောင်ပေးသွားမည် ဖြစ်ပါသည်။
NZ (ရိုးရာလေး)