Eleven Media Group

ပါရာဂွေးဘဏ်ပြိုလဲမှုမှ ဆုံးရှုံးမှု အမေရိကန်ဒေါ်လာတစ်ဘီလျံရှိနိုင်သည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌသစ်ပြောကြား

အဆိုးရွားဆုံးသော အခြေအနေတွင် Ueno ဘဏ်ပြိုလဲရာမှ ပြန်မရနိုင်သော ဆုံးရှုံးမှုများသည် အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိ ရောက်သွားနိုင်သည်ဟု နိုဝင်ဘာ ၁၈ ရက်က AFP နှင့်အင်တာဗျူးတွင် ပါရာဂွေးဗဟိုဘဏ်ဥက္ကဋ္ဌသစ်က ခန့်မှန်းခဲ့သည်။

ဘဏ်အကျပ်အတည်းဖြစ်ပေါ်ခြင်းကြောင့် သမ္မတဟောင်း ဆန်တီယာဂိုပီညာနှင့်အတူ ဖမ်းဆီးခံရသော ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း၏နေရာကို ဆက်ခံသူဖြစ်လာသော ဂျော့လူးဝစ်ရှရိန်နာက ယုတ်စွအဆုံး ငွေအချို့ပြန်ရလိမ့် မည်ဟု ပြောဲကားခဲ့သည်။

အကျပ်အတည်းသည် ဘဏ္ဍာရေးအကျပ်အတည်းမဟုတ်ဘဲ ဘဏ်၏အကျပ်အတည်းဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။

Ueno ဘဏ်က ၄င်းအုပ်စုပိုင်သော လုပ်ငန်းများနှင့် နိုင်ငံရေးဆိုင်ရာရုံးနှင့်ဆက်စပ်နေသူများထံ ထုတ်ပေးလိုက် သော ချေးငွေများသည် တရားဝင်ကန့်သတ်ထားသော ပမာဏကို ကျော်လွန်နေကြောင်း၊ ထို့ကြောင့် ဘဏ်ပြိုလဲ ရခြင်းမှာ ထိုချေးငွေများကြောင့်ဖြစ်ကြောင်း ဂျော့လူးဝစ်ရှရိန်နာက ပြောကြားခဲ့သည်။

ဗဟိုဘဏ်က ငါးရက်မပြည့်မီ လူ ၁,၈၁၂,၀၀၀ ခန့်အတွက် အကောင့်များထံ ငွေများလွှဲပေးခဲ့သည်။ ယင်းသည် စံချိန်ဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။ အဖွဲ့အစည်းဆိုင်ရာ အားနည်းချက်များရှိနေသည့်တိုင် ပါရာဂွေးနိုင်ငံက အချိန်မီ တုံ့ပြန်ခဲ့သည့်အတွက် ဘရာဇီးအပါအဝင် အိမ်နီးချင်း နိုင်ငံများက ထုတ်ဖော်ချီးကျူးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ကျန်နေသူများထံ ဒီဇင်ဘာလထဲတွင် ဆက်လက် ငွေလွှဲပေးနိုင်မည်ဟု မျှော်လင့်ကြောင်း သူက

ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group