NP News

ယခုနှစ်(၈)လအတွင်း သုံးမြွှာပူးနှင့်အထက် မွေးဖွားသော မိခင်(၁၀)ဦးကို ထောက်ပံ့ပေးခဲ့

ထိုက်စံ (NP News) - နိုဝင်ဘာ ၂၀

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နိုဝင်ဘာအထိ သုံးမြွှာပူးနှင့်အထက် မွေးဖွားသော မိခင်(၁၀)ဦးကို ထောက်ပံ့ပေးခဲ့ကြောင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
နေပြည်တော် သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး၌ လေးမြွှာပူးမိန်းကလေး(၄)ဦးကို မွေးဖွားခဲ့သော မိခင်နှင့် မိသားစုကို ယမန်နေ့(နိုဝင်ဘာ ၁၉ ရက်)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်သည် ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်နှင့်အတူ သွားရောက်တွေ့ဆုံခဲ့ပြီး ထောက်ပံ့ငွေကျပ် (၁၀) သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေးမြွှာပူးကလေးများကို ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရအုပ်စုအင်ဒိုင်းကျေးရွာနေ ဦးနေလင်းအောင်၏ဇနီး ဒေါ်ဝိုင်းက ပြီးခဲ့သည့်(အောက်တိုဘာ ၂၀ ရက်)က နေပြည်တော်သားဖွား မီးယပ်ရောဂါ အထူးကုဆေးရုံကြီး၌ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သုံးမြွှာပူးနှင့်အထက် မွေးဖွားသော မိခင်နှင့်ကလေးများ၏ အာဟာရဖြည့် စွက်ကျွေးမွေးနိုင်ရေးအတွက် ထောက်ပံ့ကြေးများကို နှစ်စဉ်ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ပေးအပ်လျက်ရှိရာ (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ် နိုဝင်ဘာအထိ သုံးမြွှာပူးနှင့်အထက် မွေးဖွားသော မိခင် (၁၀) ဦးကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News