
စော(NP News)-နိုဝင်ဘာ ၁၉
ဗဟိုအဆင့်၊ တိုင်းနှင့်ပြည်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဆေးလူမှုဆက်ဆံရေးမှူး (၈၀)ဦးကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှခေါ်ယူနေကြောင်း သိရသည်။
အဆိုပါ ဆေးလူမှုဆက်ဆံရေးမှူးရာထူးကို လျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရန်လိုပြီး လျှောက်လွှာပိတ်ရက်တွင် ပြင်ပမှ ဝင်ရောက်ဖြေဆိုသူများသည် အသက် (၃၀)နှစ်ထက်မကျော်ရန်လိုအပ်ကာ နိုင်ငံဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ် မကျော်လွန်သူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
လျှောက်လွှာကို လာမည့် (ဒီဇင်ဘာ ၁၇)ရက်နေ့ထက် နောက်မကျဘဲ နေပြည်တော်၊ရုံးအမှတ် (၄)၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ရေးဖြေစာမေးပွဲ (၂)နာရီဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေနှင့်လူတွေ့ဖြေဆိုမည့် နေ့ရက်နှင့်နေရာအား ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် များရှိ ကုသရေးဦးစီးဌာနများမှတဆင့် ကြိုတင်အသိပေးအကြောင်းကြားများမည်ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ခံရသူများအား ဆေးလူမှုဆက်ဆံရေးမှူး အဖြစ် ခန့်အပ်မည်ဖြစ်ပြီး ဌာနတွင်း(၆)လသင်တန်းကို On Duty ဖြင့် အချိန်ပြည့်တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။