NP News

ကျန်းမာရေးအခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ တိုးတက်လာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်သင့်သည့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ (အထူးဆောင်းပါး)

ပြည့်ထူး(မင်းဘူး) (NP News) - နိုဝင်ဘာလ ၁၉

ဒီနေ့ခေတ်မှာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကိုတိုင်းတာတဲ့အခါ စီးပွားရေးတိုးတက်မှုနှုန်း ဘယ် လောက်ရှိသလဲ၊ လမ်းတွေ၊ တံတားတွေ၊ အဆောက် အအုံတွေ ဘယ်လောက်တိုးတက်လာသလဲဆိုတာ ကိုပဲ ကြည့်လို့မရတော့ပါဘူး။ ပြည်သူတွေ ကျန်းမာ ပျော်ရွှင်စွာနေထိုင်နိုင်သလား၊ လိုအပ်တဲ့အချိန်မှာ အ ရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ကို ငွေကြေးအခက်အခဲမရှိဘဲရရှိနိုင်သလားဆိုတာ ကလည်း နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြ နေတဲ့ အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးကောင်းမွန် တဲ့ပြည်သူတွေဟာ နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖြစ်သလို ပညာရေး၊ အလုပ်အကိုင်နဲ့ စီးပွားရေးလုပ် ငန်းတွေမှာလည်း ပိုမိုထိရောက်စွာ ပါဝင်ဆောင်ရွက် နိုင်ကြလို့ပါပဲ။ ဒါကြောင့် ကျန်းမာရေးကဏ္ဍမှာ ရင်းနှီး မြှုပ်နှံခြင်းဟာ ရောဂါကုသပေးဖို့အတွက်သာမဟုတ် ဘဲ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးကြီး တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။
ယခင်တစ်ခေါက်က ကျန်းမာရေးကဏ္ဍကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ဖို့ဆိုတာ ဆေးရုံတွေ၊ ဆေးခန်းတွေ တည်ဆောက်ပေးရုံနဲ့ မလုံလောက်ဘူး၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ ခေတ်မီနည်းပညာ တွေ၊ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သူနာပြုတွေ၊ လိုအပ် တဲ့ဆေးဝါးတွေကို အချိန်မီရရှိဖို့အပြင် ကျန်းမာရေး ဝန်ဆောင်မှုတွေကို ရေရှည်တည်တံ့အောင် စီမံခန့်ခွဲ နိုင်ဖို့လည်း လိုအပ်တယ်ဆိုတဲ့အကြောင်းကို ဆောင်း ပါးရေးသားခဲ့ပြီးဖြစ်ပါတယ်။ ဒါဆိုရင် ဒီလိုလိုအပ်ချက် တွေကိုဖြည့်ဆည်းပေးဖို့အတွက် ဘယ်လိုနည်းလမ်း တွေက ဆောင်ရွက်သင့်လဲဆိုတာကိုဆက်ပြီးလေ့လာ ကြည့်ရအောင်။
ကျန်းမာရေးကဏ္ဍအတွက် အစိုးရတစ်ခုတည်း ရဲ့ဘဏ္ဍာငွေနဲ့စွမ်းဆောင်ရည်အပေါ်မှာသာ မှီခိုနေ မယ့်အစား ပုဂ္ဂလိကကဏ္ဍရဲ့အရင်းအနှီး၊ နည်းပညာ နဲ့စီမံခန့်ခွဲမှုစွမ်းရည်တွေကိုပါ ပေါင်းစပ်အသုံးချဖို့လို အပ်တယ်လို့ ကျွန်တော့်အနေနဲ့ရှုမြင်ပါတယ်။ ဒီနေ ရာမှာ အရေးပါတဲ့နည်းလမ်းတစ်ခုကတော့ Pub- lic-Private Partnership(PPP) လို့ခေါ်တဲ့ အစိုး ရနဲ့ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။
PPP ဆိုတာဘာလဲ၊ ကျန်းမာရေးကဏ္ဍမှာဘာကြောင့် အရေးကြီးတာလဲ။
ရိုးရိုးရှင်းရှင်းပြောရရင် PPP ဆိုတာ အစိုးရနဲ့ပုဂ္ဂ လိကကဏ္ဍတို့ဟာ ပြည်သူတွေအတွက်လိုအပ်တဲ့ဝန် ဆောင်မှုတွေကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက် နိုင်ဖို့သတ်မှတ်ထားတဲ့ တာဝန်နဲ့ရလဒ်တွေအပေါ်အ ခြေခံပြီး ပူးပေါင်းလုပ်ကိုင်ကြတဲ့စနစ်တစ်ခု ဖြစ်ပါ တယ်။
ကျန်းမာရေးကဏ္ဍမှာဆိုရင် ဆေးရုံနဲ့ဆေးခန်း တွေတည်ဆောက်ခြင်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ တပ်ဆင်ပြုပြင်ထိန်းသိမ်းခြင်း၊ ဓာတ်ခွဲခန်းဝန်ဆောင် မှုတွေပေးအပ်ခြင်း၊ ဆေးဝါးဖြန့်ဖြူးရေးစနစ်တွေ တိုး တက်အောင်ဆောင်ရွက်ခြင်း၊ ဒီဂျစ်တယ်ကျန်းမာရေးနဲ့ အဝေးမှဆေးကုသတိုင်ပင်မှုစနစ်တွေဖော်ဆောင်ခြင်း စတဲ့နယ်ပယ်တွေမှာ ပူးပေါင်းနိုင်ပါတယ်။
ပုဂ္ဂလိကကဏ္ဍက ငွေကြေးအရင်းအနှီး၊ နည်း ပညာ၊ စီမံခန့်ခွဲမှုအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ အစိုးရကတော့ ပြည် သူ့အကျိုးစီးပွားကို ကာကွယ်ပေးဖို့၊ ဝန်ဆောင်မှုစံနှုန်း တွေသတ်မှတ်ဖို့၊ စည်းမျဉ်းစည်းကမ်းတွေ ကြီးကြပ်ဖို့ နဲ့ ဝင်ငွေနည်းပါးသူတွေအပါအဝင် ပြည်သူအားလုံးကျန်းမာရေးဝန်ဆောင်မှုရရှိနိုင်ဖို့ တာဝန်ယူရပါတယ်။
ဥပမာအားဖြင့် အစိုးရမှာ ဆေးရုံတည်ဆောက် ဖို့ မြေနေရာ၊ လူထုရဲ့ကျန်းမာရေးလိုအပ်ချက်နဲ့ ပြည် သူ့ကျန်းမာရေးမူဝါဒတွေရှိနိုင်ပေမယ့် ဆေးရုံတည် ဆောက်ဖို့လိုအပ်တဲ့ အရင်းအနှီး၊ ခေတ်မီနည်းပညာနဲ့ စီမံခန့်ခွဲမှုအတွေ့အကြုံတွေမှာ အကန့်အသတ်ရှိနေ နိုင်ပါတယ်။ ဒီအခါ ပုဂ္ဂလိကကဏ္ဍက ရင်းနှီးမြှုပ်နှံမှု နဲ့ နည်းပညာပိုင်းမှာပါဝင်ကူညီနိုင်ပြီး အစိုးရကတော့ ဝန်ဆောင်မှုစံနှုန်း၊ ကုန်ကျစရိတ်၊ လူနာအခွင့်အရေးနဲ့ ဝန်ဆောင်မှုရရှိနိုင်မှုတို့ကို ကြီးကြပ်ထိန်းညှိပေးနိုင်ပါ တယ်။
ဒါပေမဲ့ ဏဏဏ ဆိုတာ ပုဂ္ဂလိကလုပ်ငန်းတစ်ခုကို ဆေးရုံတည်ဆောက်ခွင့်ပေးလိုက်တာ၊ ဒါမှမဟုတ် အစိုးရပိုင်ဝန်ဆောင်မှုတစ်ခုကို ပုဂ္ဂလိကဆီ လွှဲပေး လိုက်တာလောက်နဲ့မပြီးပါဘူး။ ဘယ်သူက ဘာတာ ဝန်ယူမလဲ၊ ကုန်ကျစရိတ်နဲ့အန္တရာယ်တွေကို ဘယ်လို ခွဲဝေမလဲ၊ ဘယ်လိုရလဒ်တွေရရှိရမလဲဆိုတာကို စာ ချုပ်နဲ့ ရှင်းလင်းစွာသတ်မှတ်ထားဖို့လိုပါတယ်။
အရေးကြီးဆုံးကတော့ PPP ကိုအစိုးရရဲ့တာဝန် တွေလျှော့ချဖို့အတွက်သာအသုံးချတာမျိုး မဖြစ်သင့် ပါဘူး။ အစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ တာဝန် ယူမှုကို ဆက်လက်ထိန်းသိမ်းထားပြီး ပုဂ္ဂလိကကဏ္ဍ ရဲ့အားသာချက်တွေကို အသုံးချဖို့ဖြစ်ပါတယ်။

ကျန်းမာရေးကဏ္ဍမှာ PPP က ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်သလဲ

ပထမဆုံးအနေနဲ့ PPP ဟာ ကျန်းမာရေးအခြေခံ အဆောက်အအုံတွေကို ပိုမိုမြန်ဆန်စွာ တည်ဆောက် နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ လူဦးရေတိုးလာ တာ၊ မြို့ပြတွေချဲ့ထွင်လာတာနဲ့ ရောဂါကုသမှုလိုအပ် ချက်တွေမြင့်တက်လာတာတို့ကြောင့် ဆေးရုံ၊ ဆေး ခန်း၊ အထူးကုဌာနနဲ့ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွေ ပိုမိုလိုအပ်လာပါတယ်။ ဒီလိုအခြေအနေမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကိုအသုံးချနိုင်ရင် အစိုးရဘတ်ဂျက်အ ပေါ် ချက်ချင်းကျရောက်မယ့်ဝန်ထုပ်ဝန်ပိုးကို စီမံခန့် ခွဲနိုင်ပြီး လိုအပ်တဲ့အခြေခံအဆောက်အအုံတွေကို ဖော်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ သတိထား ရမယ့်အချက်တစ်ခုရှိပါတယ်။ ပုဂ္ဂလိကကဏ္ဍက ရင်း နှီးမြှုပ်နှံပေးတယ်ဆိုတာ အစိုးရအတွက် အခမဲ့ငွေ ကြေးရရှိတာမဟုတ်ပါဘူး။ စီမံကိန်းတစ်ခုအတွက် အစိုးရက နောင်နှစ်တွေမှာပေးချေရမယ့် ဝန်ဆောင် ခတွေ၊ အာမခံထားရတဲ့ ဘဏ္ဍာရေးတာဝန်တွေ၊ အန္တ ရာယ်တွေကို ကြိုတင်တွက်ချက်ထားဖို့လိုပါတယ်။
နောက်တစ်ချက်က ဆေးရုံတည်ဆောက်ပြီးသွား တာနဲ့ လုပ်ငန်းပြီးဆုံးသွားတာမဟုတ်ပါဘူး။ ဆေး ဘက်ဆိုင်ရာပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းရမယ်၊ ပျက်စီးသွားတဲ့စက်ပစ္စည်းတွေကို အစားထိုးရမယ်၊ လျှပ်စစ်မီးနဲ့ရေလိုအပ်ချက်တွေကို ဖြည့်ဆည်းရမယ်။ ဏဏဏ စာချုပ်တွေမှာ ဒီတာဝန်တွေကို ကြိုတင်သတ် မှတ်ထားနိုင်ရင် အဆောက်အအုံနဲ့စက်ပစ္စည်းတွေရဲ့ အသုံးပြုနိုင်မှုသက်တမ်းကို တိုးမြှင့်နိုင်ပြီး ဝန်ဆောင် မှုတွေလည်း ရေရှည်တည်တံ့လာနိုင်ပါတယ်။
ဒုတိယအနေနဲ့ PPP ဟာ ကျန်းမာရေးဝန်ဆောင် မှုအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ပုဂ္ဂလိ ကကဏ္ဍရဲ့ နည်းပညာနဲ့ကျွမ်းကျင်မှုကိုအသုံးချပြီး ခေတ်မီဓာတ်ခွဲခန်းတွေ၊ ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော် စက်တွေ၊ လူနာမှတ်တမ်းစနစ်တွေနဲ့ ဆေးဝါးဖြန့်ဖြူး ရေးလုပ်ငန်းတွေကို ပိုမိုကောင်းမွန်အောင်ဆောင် ရွက်နိုင်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ရောဂါ ရှာဖွေမှု ပိုမိုမြန်ဆန်လာနိုင်သလို လူနာစောင့်ဆိုင်း ရတဲ့အချိန်၊ ပစ္စည်းအလေအလွင့်နဲ့ လုပ်ငန်းလည်ပတ် မှုကုန်ကျစရိတ်တွေကိုလည်း လျှော့ချနိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားပေးခြင်းနဲ့ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်သူတွေက လမ်းညွှန်ပေးခြင်းတို့ကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။
ဒါပေမဲ့ နည်းပညာအသစ်တွေတပ်ဆင်ပေးရုံနဲ့ ဝန်ဆောင်မှုအရည်အသွေး အလိုအလျောက်မြင့် တက်လာမှာမဟုတ်ပါဘူး။ အဲဒီနည်းပညာတွေကို အသုံးပြုနိုင်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ၊ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုစနစ်နဲ့ ထိရောက်တဲ့စီမံခန့်ခွဲမှုတွေပါ တစ်ပါတည်း ရှိဖို့လိုပါတယ်။

နိုင်ငံတကာအတွေ့အကြုံတွေက ဘာတွေ သင်ခန်းစာပေးသလဲ

နိုင်ငံတကာအတွေ့အကြုံတွေကိုလေ့လာကြည့် ရင် ကျန်းမာရေးကဏ္ဍမှာ PPP ကို ပုံစံအမျိုးမျိုးနဲ့ အသုံးချနိုင်တာကိုတွေ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ ကျန်းမာရေးစနစ် နဲ့အုပ်ချုပ်ရေးစွမ်းရည်တွေ မတူညီကြပေမယ့် သူတို့ ရဲ့အတွေ့အကြုံတွေက အရေးကြီးတဲ့ သင်ခန်းစာ တွေပေးနိုင်ပါတယ်။
ဥပမာအားဖြင့် ဂျပန်နိုင်ငံမှာ ပုဂ္ဂလိကပိုင်ဆေးရုံ နဲ့ ကျန်းမာရေးဌာနတွေဟာ ကျန်းမာရေးဝန်ဆောင် မှုစနစ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီအတွေ့အကြုံက ကျန်းမာရေးဝန်ဆောင်မှုအားလုံး ကို အစိုးရကကိုယ်တိုင်ပိုင်ဆိုင်ပြီး လည်ပတ်စရာမလို ဘဲ သင့်တော်တဲ့စည်းမျဉ်းစည်းကမ်းနဲ့ ငွေကြေးထောက် ပံ့မှုစနစ်တွေကိုအသုံးပြုပြီး ပုဂ္ဂလိကဝန်ဆောင်မှုပေး သူတွေကိုလည်း ကျန်းမာရေးစနစ်ထဲမှာ ထိရောက်စွာ ပါဝင်စေနိုင်ကြောင်း ပြသပါတယ်။
ဗြိတိန်နိုင်ငံရဲ့အတွေ့အကြုံမှာတော့ အခြေခံ ကျန်းမာရေးဝန်ဆောင်မှုတွေကိုစွမ်းဆောင်ရည်နဲ့ အ ရည်အသွေးအပေါ်အခြေခံပြီး စီမံခန့်ခွဲတဲ့နည်းလမ်း တွေကိုတွေ့ရပါတယ်။ ဘရာဇီးနိုင်ငံမှာလည်း လူမှုအ ဖွဲ့အစည်းတွေနဲ့ စာချုပ်ချုပ်ဆိုပြီး သတ်မှတ်ထားတဲ့ ဝန်ဆောင်မှုပမာဏနဲ့ ရလဒ်ပန်းတိုင်တွေကို ပြည့်မီ အောင်ဆောင်ရွက်စေတဲ့ပုံစံတွေရှိပါတယ်။
ဒီဥပမာတွေကနေရရှိနိုင်တဲ့ အဓိကသင်ခန်းစာ ကတော့ PPP ဆိုတာ အဆောက်အအုံ တည်ဆောက် ဖို့ ပုဂ္ဂလိကငွေကြေးကိုအသုံးပြုခြင်းတစ်ခုတည်း မဟုတ်ဘဲ ဝန်ဆောင်မှုအရည်အသွေး၊ တာဝန်ခံမှု၊ ကုန်ကျစရိတ်နဲ့ ရလဒ်တွေကိုပါအခြေခံပြီး ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ စနစ်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံမှာ အောင်မြင်တဲ့ပုံစံကို အခြား နိုင်ငံမှာ တိုက်ရိုက်ကူးယူအသုံးချတာထက် မိမိနိုင်ငံ ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီအောင်ပြုပြင်အသုံးချဖို့ ပို အရေးကြီးပါတယ်။

နီပေါနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုစနစ်

ထပ်ပြီးတော့ နီပေါနိုင်ငံရဲ့အခြေအနေကို လေ့ လာကြည့်တဲ့အခါ နီပေါနိုင်ငံဟာ ရောဂါဖြစ်ပွားမှုပုံစံ တွေပြောင်းလဲလာခြင်း၊ ကျန်းမာရေးဝန်ဆောင်မှု လို အပ်ချက်မြင့်တက်လာခြင်းနဲ့ ကျန်းမာရေးစနစ်အ တွင်း အရင်းအမြစ်မလုံလောက်ခြင်းတို့ကို ရင်ဆိုင်နေ ရပါတယ်။ အစိုးရပိုင်ဆေးရုံနဲ့ဆေးခန်းတချို့မှာ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်း မလုံလောက်တာ၊ ဆေးဝါးနဲ့ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ပုံမှန်မရရှိ တာ၊ ခေတ်မီကုသမှုတွေအတွက် လိုအပ်တဲ့အရင်း အမြစ်တွေ အကန့်အသတ်ရှိတာတို့ကြောင့် ဝန် ဆောင်မှုအရည်အသွေးနဲ့ လက်လှမ်းမီနိုင်မှုအပေါ် ဖိအားတွေရှိနေပါတယ်။
ဒါ့ပြင် နီပေါနိုင်ငံရဲ့ ပထဝီဝင်အနေအထားဟာ လည်း စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ တောင်တန်းနဲ့ဝေး လံခေါင်သီတဲ့ဒေသတွေမှာနေထိုင်သူတွေအတွက် ဆေးရုံကြီးတွေဆီသွားလာဖို့ အချိန်နဲ့ကုန်ကျစရိတ် ပိုမိုလိုအပ်နိုင်ပါတယ်။ ဆေးရုံတည်ဆောက်ဖို့တင် မကဘဲ လိုအပ်တဲ့ဝန်ထမ်းတွေ၊ ဆေးဝါးတွေနဲ့ စက် ပစ္စည်းတွေကို ရေရှည်ဖြည့်ဆည်းပေးဖို့လည်း ခက်ခဲ နိုင်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ပြဿနာတစ်ခုက တော့ ကျန်းမာရေးကုန်ကျစရိတ်ကို ပြည်သူတွေကိုယ် တိုင်ပေးချေရတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ကျန်းမာ ရေးအသုံးစရိတ်ဆိုင်ရာဖော်ပြထားတဲ့ကိန်းဂဏန်း တွေအရ (၂၀၁၉)ခုနှစ်တုန်းက နီပေါနိုင်ငံမှာ လူတစ် ဦးချင်းကျန်းမာရေးအသုံးစရိတ်ဟာ အမေရိကန်ဒေါ် လာ (၅၈)ဒေါ်လာခန့်သာရှိပြီး တောင်အာရှ ပျမ်းမျှ ဒေါ်လာ(၁၇၄)ထက် များစွာနည်းပါးပါတယ်။ တစ် ဖက်မှာလည်း ပြည်သူတွေကိုယ်တိုင် အိတ်ထဲကနေ ပေးချေရတဲ့ ကျန်းမာရေးကုန်ကျစရိတ်ဟာ စုစုပေါင်း အသုံးစရိတ်ရဲ့ (၅၄)ရာခိုင်နှုန်းခန့်ရှိပြီး တောင်အာရှ ပျမ်းမျှ (၄၈)ရာခိုင်နှုန်းထက် မြင့်မားနေပါတယ်။
ဒီလိုအခြေအနေမှာ မိသားစုဝင်တစ်ဦးဦး အ ပြင်းအထန်ဖျားနာလာရင် ဆေးကုသစရိတ်အတွက် ငွေကြေးအများအပြားသုံးစွဲရနိုင်ပါတယ်။ တချို့မိ သားစုတွေမှာ အကြွေးယူရတာ၊ ပိုင်ဆိုင်မှုတွေရောင်း ချရတာနဲ့ နောက်ဆုံးမှာ ဆင်းရဲနွမ်းပါးမှုထဲ ပြန်လည် ကျရောက်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ နီပေါအ စိုးရဟာ ဒီလိုငွေကြေးအခက်အခဲတွေကိုလျှော့ချနိုင် ဖို့ (၂၀၁၆)ခုနှစ်မှာ လူမှုကျန်းမာရေးအာမခံအစီအစဉ် ကိုစတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖော်ပြထားတဲ့အချက်အ လက်တွေအရ လူဦးရေရဲ့ (၂၅)ရာခိုင်နှုန်းခန့်ကိုသာ လွှမ်းခြုံနိုင်သေးပြီး ကျန်းမာရေးအသုံးစရိတ်အတွင်း အာမခံအစီအစဉ်ရဲ့ပါဝင်မှုကလည်း နည်းပါးနေဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ကျန်းမာရေး ဝန်ဆောင်မှုတွေကိုတိုးချဲ့ပေးဖို့ အစိုးရတစ်ခုတည်းအ ပေါ်မှီခိုနေရုံနဲ့ မလုံလောက်တော့ပါဘူး။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍမှာ ရှိပြီးသားဆေးရုံတွေ၊ ကျွမ်း ကျင်ဝန်ထမ်းတွေ၊ နည်းပညာနဲ့ စီမံခန့်ခွဲမှုစွမ်းရည် တွေကို ထိရောက်စွာအသုံးချနိုင်ဖို့ လိုအပ်တယ်ဆိုတာ သေချာလာစေပါတယ်။
ဖော်ပြထားတဲ့ (၂၀၁၉)ခုနှစ်ဆိုင်ရာအချက်အ လက်တွေအရ နီပေါနိုင်ငံရဲ့ ခရိုင်(၆၃)ခုမှာ ပုဂ္ဂလိက ဆေးရုံ(၃၆၀)ကျော်ရှိခဲ့ပြီး အဲဒီဆေးရုံတွေရဲ့ စုစု ပေါင်းခုတင်အရေအတွက်ဟာ အစိုးရဆေးရုံတွေ ထက် သုံးဆခန့်ရှိခဲ့ပါတယ်။ ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍဟာ ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင် မှုပေးရာမှာလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
ဒီအချက်တွေကိုကြည့်ရင် နီပေါနိုင်ငံမှာ PPP ကိုအကောင်အထည်ဖော်ဖို့လိုအပ်တဲ့ ပုဂ္ဂလိကကျန်း မာရေးဝန်ဆောင်မှုပေးနိုင်စွမ်းတချို့ရှိနေပြီလို့ဆိုနိုင် ပါတယ်။ အဓိကလိုအပ်တာကတော့ အဲဒီစွမ်းရည် တွေကို ပြည်သူ့အကျိုးစီးပွားနဲ့ကိုက်ညီအောင် စနစ် တကျ ပေါင်းစပ်အသုံးချနိုင်ဖို့ဖြစ်ပါတယ်။
အသုံးချနိုင်မယ့် PPP ပုံစံ(၅)မျိုး
နီပေါနိုင်ငံလိုအခြေအနေမျိုးမှာ ဘယ်လို PPP ပုံစံတွေကိုအသုံးပြုနိုင်မလဲဆိုတာ လေ့လာကြည့်မိ ပါတယ်။ ပထမဆုံးအနေနဲ့ ကျန်းမာရေးအခြေခံအ ဆောက်အအုံတည်ဆောက်ရေးနဲ့ ပြုပြင်ထိန်းသိမ်း ရေးမှာ ပူးပေါင်းနိုင်ပါတယ်။ အထူးသဖြင့် ဆေးရုံနဲ့ ဆေးခန်း မလုံလောက်သေးတဲ့ဒေသတွေမှာ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေပူးပေါင်းပြီး အဆောက်အအုံ တည်ဆောက်ခြင်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေတပ် ဆင်ခြင်းနဲ့ ရေရှည်ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ဆောင် ရွက်နိုင်ပါတယ်။ စီးပွားရေးအရ အကျိုးအမြတ်ရဖို့ခက် ခဲတဲ့ ဝေးလံခေါင်သီဒေသတွေမှာတော့ အစိုးရက ထောက်ပံ့ကြေး၊ သင့်တော်တဲ့ မက်လုံး(Incentive) နဲ့ ဝန်ဆောင်မှုဝယ်ယူမှုစာချုပ်တွေကို အသုံးပြုနိုင် ပါတယ်။
ဒါပေမဲ့ ဆေးရုံအသစ်တည်ဆောက်တာက အ ကောင်းဆုံးဖြေရှင်းနည်း ဖြစ်မဖြစ်ကို အရင်ဆုံး သုံး သပ်ဖို့လိုပါတယ်။ တချို့ဒေသတွေမှာ ရှိပြီးသား ဆေး ရုံတွေရဲ့စက်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို မြှင့်တင် ပေးတာက ပိုမိုကုန်ကျစရိတ်သက်သာပြီး ထိရောက် နိုင်ပါတယ်။ ဒါကြောင့် ဏဏဏ စီမံကိန်းတစ်ခုကို ရွေး ချယ်တဲ့အခါ အဆောက်အအုံအသစ်တည်ဆောက် ခြင်းနဲ့ ရှိပြီးသားဝန်ဆောင်မှုတွေကိုအသုံးချခြင်းတို့ရဲ့ ကုန်ကျစရိတ်၊ အရည်အသွေးနဲ့ ရေရှည်အကျိုးကျေး ဇူးတွေကို နှိုင်းယှဉ်ဖို့လိုပါတယ်။
ဒုတိယအနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေး ရေးမှာ ပူးပေါင်းနိုင်ပါတယ်။ အစိုးရက ပုဂ္ဂလိကဆေး ရုံ၊ ဆေးခန်းနဲ့ ဓာတ်ခွဲခန်းတွေကို စာချုပ်ချုပ်ဆိုပြီး လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ဝယ်ယူရယူနိုင်ပါတယ်။ ဥပမာ အစိုးရဆေးရုံတစ်ရုံမှာ အထူးကုဝန်ဆောင်မှု မလုံလောက်ဘူးဆိုရင် သင့်တော်တဲ့ ပုဂ္ဂလိကဆေးရုံ တစ်ခုနဲ့ပူးပေါင်းပြီး သတ်မှတ်ထားတဲ့ လူနာအရေအ တွက်အတွက် ကုသမှုဝန်ဆောင်မှုတွေ ပေးအပ်စေ နိုင်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်တဲ့အခါ ဝန် ဆောင်မှုအရည်အသွေး၊ လူနာဘေးကင်းလုံခြုံရေး၊ ကုသမှုကုန်ကျစရိတ်နဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် အခမဲ့ သို့မဟုတ် သက်သာတဲ့နှုန်းထားနဲ့ ကုသပေးရ မယ့်တာဝန်တွေကို စာချုပ်ထဲမှာ ထည့်သွင်းသတ် မှတ်ဖို့လိုပါတယ်။ အခမဲ့ဝန်ဆောင်မှုဆိုတာ တကယ် အခမဲ့ဖြစ်ရဲ့လား၊ လူနာတွေထံက အပိုကြေးတွေ ကောက်ခံနေလားဆိုတာကိုလည်း စစ်ဆေးနိုင်ရပါ မယ်။
တတိယအနေနဲ့ ဒီဂျစ်တယ်ကျန်းမာရေးနဲ့ Telemedicine ကိုအသုံးချနိုင်ပါတယ်။ နီပေါနိုင်ငံ လို တောင်တန်းနဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေ များ ပြားတဲ့နိုင်ငံမှာ ဆေးရုံကြီးတစ်ခုဆီ ကိုယ်တိုင်သွား ရောက်ဖို့ခက်ခဲသူတွေအတွက် အဝေးမှတစ်ဆင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်တဲ့ဝန်ဆောင်မှုတွေ က အရေးကြီးပါတယ်။
အစိုးရဟာ ပုဂ္ဂလိကနည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လူနာမှတ်တမ်းတွေကို ဒီဂျစ်တယ်စနစ် နဲ့သိမ်းဆည်းခြင်း၊ အဝေးမှဆရာဝန်နဲ့ ချိတ်ဆက်တိုင် ပင်ခြင်း၊ ဆေးဝါးလက်ကျန်နဲ့ဖြန့်ဖြူးမှုကို စောင့်ကြည့် ခြင်းတို့ကိုဆောင်ရွက်နိုင်ပါတယ်။ လိုအပ်တဲ့နေရာ တွေမှာ ရွေ့လျားကျန်းမာရေးဆေးခန်းတွေကိုလည်း ပူးပေါင်းဖွင့်လှစ်နိုင်ပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် တစ်ချက်ကတော့ အင်တာနက်နဲ့လျှပ်စစ်မီး မလုံ လောက်တဲ့ဒေသတွေ၊ ဒီဂျစ်တယ်ကိရိယာတွေအသုံး မပြုတတ်သူတွေအတွက် တခြားဝန်ဆောင်မှုနည်း လမ်းတွေကိုလည်း ဆက်လက်ထားရှိရပါမယ်။ လူနာ တွေရဲ့ကိုယ်ရေးအချက်အလက်နဲ့ ကျန်းမာရေးမှတ် တမ်းတွေ လုံခြုံစိတ်ချရဖို့လည်း အရေးကြီးပါတယ်။
စတုတ္ထအနေနဲ့ ဆေးဝါးနဲ့ဆေးဘက်ဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး၊ ဝယ်ယူရေးနဲ့ဖြန့်ဖြူးရေးမှာ ပူးပေါင်းနိုင်ပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေ ထိရောက်ဖို့ ဆေးရုံအဆောက်အအုံနဲ့ ဆရာဝန်တွေ ရှိရုံတင်မကဘဲ လိုအပ်တဲ့ဆေးဝါးနဲ့ပစ္စည်းတွေကို အချိန်မီရရှိဖို့လည်းလိုပါတယ်။
ပုဂ္ဂလိကဆေးဝါးကုမ္ပဏီတွေ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ တွေရဲ့ အတွေ့အကြုံကိုအသုံးချပြီး ဆေးဝါးသိုလှောင် မှု၊ ပို့ဆောင်မှုနဲ့ လက်ကျန်စာရင်းစီမံခန့်ခွဲမှုတို့ကို တိုးတက်အောင်ဆောင်ရွက်နိုင်ပါတယ်။ ရေရှည်မှာ လည်း ပြည်တွင်းဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်မှုကိုမြှင့်တင်ဖို့ သုတေသနအဖွဲ့အစည်း တွေ၊ တက္ကသိုလ်တွေနဲ့ပုဂ္ဂလိကလုပ်ငန်းတွေ ပူးပေါင်းနိုင်ပါတယ်။
ဒါပေမဲ့ ပြည်တွင်းထုတ်လုပ်မှုတိုးလာရုံနဲ့ ဆေး ဝါးဈေးနှုန်း အလိုအလျောက်ကျဆင်းမယ်လို့ မဆိုနိုင် ပါဘူး။ ဆေးဝါးအရည်အသွေး၊ ဘေးကင်းလုံခြုံမှု၊ ဈေးနှုန်းသင့်တင့်မှုနဲ့ ပြည်သူတွေအတွက် လက်လှမ်း မီနိုင်မှုတို့ကို အစိုးရက စနစ်တကျကြီးကြပ်ဖို့လိုပါ တယ်။
ပဉ္စမအနေနဲ့ ကျန်းမာရေးငွေကြေးထောက်ပံ့မှု နဲ့ အာမခံစနစ်တွေကို ပိုမိုအားကောင်းအောင် ပူး ပေါင်းဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေးကုန်ကျ စရိတ်ကို ပြည်သူတွေကိုယ်တိုင် အများအပြားပေးချေ နေရတဲ့အခြေအနေမှာ လူမှုကျန်းမာရေးအာမခံစနစ် ကို တိုးချဲ့ဖို့အရေးကြီးပါတယ်။ အစိုးရဟာ ပုဂ္ဂလိက အာမခံကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး သင့်တင့်တဲ့ ပရီမီယံ ကြေးနဲ့ အာမခံအစီအစဉ်တွေ ဖော်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကအာမခံစနစ်ကိုသာ အားကိုးမထား သင့်ပါဘူး။ ဝင်ငွေနည်းသူတွေ၊ ပုံမှန်ဝင်ငွေမရှိသူတွေ နဲ့ ကျန်းမာရေးအာမခံကြေးမတတ်နိုင်သူတွေအတွက် အစိုးရရဲ့ထောက်ပံ့မှုကိုလည်း သေချာစီစဉ်ထားဖို့လို ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်မှသာ မမျှော်လင့်ထားတဲ့ ကျန်းမာရေးကုန်ကျစရိတ်ကြောင့် မိသားစုတွေ အကြွေးတင်တာ၊ ပိုင်ဆိုင်မှုတွေဆုံးရှုံးတာနဲ့ ဆင်းရဲ နွမ်းပါးမှုထဲ ပြန်လည်ကျရောက်တာတွေကို လျှော့ချ နိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် PPP ရဲ့ အလားအလာ
ဒီအတွေ့အကြုံတွေကို မြန်မာနိုင်ငံရဲ့ ကျန်းမာ ရေးကဏ္ဍနဲ့ ချိတ်ဆက်စဉ်းစားကြည့်ရင်လည်း PPP ဟာ သင့်တော်တဲ့မူဝါဒနဲ့စည်းမျဉ်းစည်းကမ်းတွေ အောက်မှာအသုံးချနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးဝန်ဆောင်မှု တွေကို မြို့ပြနဲ့ကျေးလက်ဒေသတွေကြား တန်းတူရရှိ နိုင်ဖို့၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို အချိန်မီဖြည့် ဆည်းဖို့၊ ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့နဲ့ ဆေးဝါးဖြန့်ဖြူးရေးစနစ်တွေကို ပိုမိုထိ ရောက်အောင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။
ဒီလို လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ PPP ကို အကြီးစားဆေးရုံစီမံကိန်းတွေကနေစတင်ဖို့ မလိုအပ် ပါဘူး။ ပထမအဆင့်အနေနဲ့ အစိုးရဆေးရုံတွေမှာ ရှိပြီးသား ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ပြုပြင် ထိန်းသိမ်းပေးခြင်း၊ ဓာတ်ခွဲခန်းဝန်ဆောင်မှုတွေ တိုး တက်အောင်ဆောင်ရွက်ခြင်း၊ ဆေးဝါးသိုလှောင် ဖြန့် ဖြူးရေးစနစ်ကိုမြှင့်တင်ခြင်းနဲ့ လူနာမှတ်တမ်းစနစ် တွေကို ဒီဂျစ်တယ်စနစ်ကိုပြောင်းလဲခြင်းတို့လိုမျိုး သီးခြားနယ်ပယ်တွေမှာ စမ်းသပ်စီမံကိန်းငယ်တွေ စတင်နိုင်ပါတယ်။
ဥပမာအားဖြင့် ဆေးရုံတစ်ရုံမှာ ဓာတ်ခွဲစက် တစ်ခုဝယ်ယူတပ်ဆင်ပြီးနောက် ပျက်စီးသွားတဲ့အခါ ပြုပြင်ထိန်းသိမ်းပေးနိုင်မယ့်နည်းပညာရှင်မရှိတာ ကြောင့် အသုံးမပြုနိုင်တော့ဘူးဆိုပါစို့။ ဒီလိုအခြေအ နေမှာ စက်ပစ္စည်းကို ဝယ်ယူတပ်ဆင်ပေးရုံသာမက ပြုပြင်ထိန်းသိမ်းရေး၊ အပိုပစ္စည်းဖြည့်ဆည်းရေးနဲ့ ဝန်ထမ်းလေ့ကျင့်ရေးတို့ပါ ပါဝင်တဲ့ စာချုပ်တစ်ခုကို ပုဂ္ဂလိကဝန်ဆောင်မှုပေးသူနဲ့ ချုပ်ဆိုနိုင်ပါတယ်။ အစိုးရကလည်း စက်ပစ္စည်းအလုပ်လုပ်နိုင်မှု၊ စစ်ဆေးပေးနိုင်တဲ့လူနာအရေအတွက်နဲ့ စမ်းသပ်မှု အရည်အသွေးတို့အပေါ်အခြေခံပြီး ဝန်ဆောင်မှု ရလဒ်ကို စစ်ဆေးနိုင်ပါတယ်။ အလားတူ ဆေးဝါး ပြတ်လပ်မှုမဖြစ်စေဖို့ ပုဂ္ဂလိကထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းနိုင်သလို ဝေးလံခေါင်သီ တဲ့ ဒေသတွေမှာနေထိုင်သူတွေအတွက် အဝေးမှ ဆေးကုသတိုင်ပင်မှုစနစ်တွေကိုလည်း စမ်းသပ်အ သုံးချနိုင်ပါတယ်။ ဒီလို စီမံကိန်းငယ်တွေကနေရရှိ လာတဲ့အတွေ့အကြုံတွေ၊ ကုန်ကျစရိတ်နဲ့ရလဒ်တွေ ကိုအကဲဖြတ်ပြီး အောင်မြင်တဲ့ပုံစံတွေကို တဖြည်း ဖြည်းတိုးချဲ့သွားနိုင်ပါတယ်။ ဒီနည်းလမ်းဟာ အရင်း အမြစ်အကန့်အသတ်ရှိတဲ့အခြေအနေမှာ အန္တရာယ် ကိုထိန်းချုပ်နိုင်ပြီး လက်တွေ့အသုံးဝင်မှုကိုလည်းစမ်း သပ်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ PPP ကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစည်း မျဉ်းတွေ၊ ငွေလဲနှုန်းအပြောင်းအလဲ၊ ငွေကြေးဖောင်းပွ မှုနဲ့ အစိုးရက နောင်ကာလမှာပေးချေရမယ့် ဘဏ္ဍာ ရေးတာဝန်တွေကို ကြိုတင်သုံးသပ်ဖို့လိုပါတယ်။
ဒါ့ပြင် စာချုပ်တွေကို စောင့်ကြည့်အကဲဖြတ် နိုင်တဲ့အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်၊ ပွင့်လင်းမြင်သာ တဲ့တင်ဒါစနစ်နဲ့ ယုံကြည်စိတ်ချရတဲ့ ကြီးကြပ်ရေး စနစ်တွေရှိဖို့လည်း အရေးကြီးပါတယ်။ အဓိကက တော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ ပြည်သူတွေ ရဲ့လိုအပ်ချက်နဲ့ အစိုးရရဲ့ဘဏ္ဍာရေးစွမ်းဆောင်ရည် တို့ကိုထည့်သွင်းစဉ်းစားပြီး အမှန်တကယ်အကျိုးရှိ နိုင်မယ့်စီမံကိန်းတွေကို ဦးစားပေးရွေးချယ်ဖို့ဖြစ်ပါ တယ်။
PPP အောင်မြင်ဖို့ ဘာတွေ လိုအပ်သလဲ
PPPဟာ အကျိုးကျေးဇူးများစွာရရှိနိုင်တဲ့နည်း လမ်းတစ်ခုဖြစ်ပေမယ့် စနစ်တကျမစီမံနိုင်ရင် ပြဿ နာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် ပုဂ္ဂလိကလုပ်ငန်းတွေက အမြတ်အစွန်းကိုအဓိက ထားပြီး ဝင်ငွေနည်းသူတွေကို ဝန်ဆောင်မှုပေးဖို့ စိတ်ဝင်စားမှုနည်းလာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ စာ ချုပ်တွေကို မသေချာစွာရေးဆွဲထားရင်လည်း အစိုးရ အတွက် မျှော်မှန်းမထားတဲ့ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး တွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ပထမဆုံးအနေနဲ့ ရှင်းလင်းတဲ့ဥပဒေ၊ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိဖို့လိုပါတယ်။ အစိုး ရနဲ့ပုဂ္ဂလိကကဏ္ဍတို့ရဲ့ တာဝန်၊ အခွင့်အရေး၊ အန္တ ရာယ်ခွဲဝေမှုနဲ့ အငြင်းပွားမှုဖြေရှင်းရေးနည်းလမ်း တွေကို စာချုပ်ထဲမှာ ရှင်းလင်းစွာသတ်မှတ်ထားရပါ မယ်။
ဒုတိယအချက်ကတော့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုဖြစ်ပါတယ်။ စီမံကိန်းရွေးချယ်မှု၊ တင်ဒါ ခေါ်ယူမှု၊ စာချုပ်ချုပ်ဆိုမှု၊ ငွေကြေးသုံးစွဲမှုနဲ့ စီမံကိန်း ရလဒ်တွေကို စနစ်တကျစောင့်ကြည့်နိုင်ရပါမယ်။ ပြည်သူ့ငွေကြေးနဲ့ ပြည်သူ့အခွင့်အရေးတွေ ပါဝင်နေ တဲ့အတွက် အဂတိလိုက်စားမှုနဲ့ အကျိုးစီးပွားပဋိပက္ခ တွေကိုလည်း တားဆီးနိုင်ဖို့လိုပါတယ်။
တတိယအချက်ကတော့ ပြည်သူ့အကျိုးစီးပွား ကို ဦးစားပေးဖို့ဖြစ်ပါတယ်။ ကျန်းမာရေးဟာ လူတိုင်း နဲ့သက်ဆိုင်တဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့အတွက် ဝန်ဆောင်မှုရရှိနိုင်မှု၊ ဈေးနှုန်းသက်သာမှု၊ အရည်အ သွေးနဲ့ လူနာဘေးကင်းလုံခြုံရေးတို့ကိုအမြတ်အစွန်း နဲ့ တန်းတူအရေးကြီးတဲ့ စံနှုန်းတွေအဖြစ်သတ်မှတ် ထားဖို့ လိုပါတယ်။
ဥပမာအားဖြင့် PPP စာချုပ်ထဲမှာ ဝင်ငွေနည်း လူနာတွေကို သတ်မှတ်ထားတဲ့နှုန်းထားနဲ့ ကုသပေးရ မယ်ဆိုတဲ့အချက်၊ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ဝန်ဆောင်မှုပေးရမယ်ဆိုတဲ့အချက်နဲ့ အရေးပေါ် လူ နာတွေကို မတရားခွဲခြားဆက်ဆံခြင်း မပြုရဘူးဆိုတဲ့ အချက်တွေကို ထည့်သွင်းနိုင်ပါတယ်။ သတ်မှတ်ထား တဲ့ဝန်ဆောင်မှုအရည်အသွေးကိုမပြည့်မီရင် ဘယ်လို ပြင်ဆင်ရမလဲ၊ ဘယ်လိုတာဝန်ယူရမလဲဆိုတာကို လည်း ကြိုတင်သတ်မှတ်ထားသင့်ပါတယ်။
နောက်ဆုံးအချက်ကတော့ ရလဒ်အခြေပြု စောင့်ကြည့်အကဲဖြတ်မှုဖြစ်ပါတယ်။ စီမံကိန်းတစ်ခု အောင်မြင်မှုကို ဆေးရုံဘယ်နှရုံတည်ဆောက်နိုင်သ လဲ၊ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ဝင်လာသလဲဆိုတာ နဲ့ပဲမတိုင်းတာသင့်ပါဘူး။ လူနာတွေစောင့်ဆိုင်းရတဲ့ အချိန်လျော့နည်းလာသလား၊ ဆေးဝါးပြတ်လပ်မှု လျော့ကျလာသလား၊ ကုသမှုအရည်အသွေးတိုးတက် လာသလား၊ ပြည်သူတွေရဲ့ ကိုယ်တိုင်ပေးချေရတဲ့ ကျန်းမာရေးကုန်ကျစရိတ်လျော့နည်းလာသလားဆို တာတွေကိုပါ တိုင်းတာဖို့လိုပါတယ်။
ဒါ့ပြင် PPP စီမံကိန်းတစ်ခုဟာ ရေရှည်စာချုပ် ဖြစ်နိုင်တဲ့အတွက် အစိုးရအနေနဲ့ လက်ရှိကုန်ကျ စရိတ်တင်မကဘဲ နောင်နှစ်တွေမှာပေးချေရမယ့် ငွေ ကြေးတာဝန်တွေကိုပါ တွက်ချက်ထားရပါမယ်။ ပုဂ္ဂ လိကရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း မူဝါဒတည် ငြိမ်မှု၊ စာချုပ်ပါကတိကဝတ်တွေကိုလိုက်နာမှုနဲ့ယုံ ကြည်စိတ်ချရတဲ့အငြင်းပွားမှုဖြေရှင်းရေးစနစ်တွေ ရှိ ဖို့လိုအပ်ပါတယ်။
ခြုံငုံကြည့်မယ်ဆိုရင် ကျန်းမာရေးအခြေခံအ ဆောက်အအုံနဲ့ဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန် လာစေဖို့ PPP ကိုအသုံးချခြင်းဟာ မြန်မာနိုင်ငံအပါ အဝင် အရင်းအမြစ်အကန့်အသတ်ရှိတဲ့နိုင်ငံတွေအ တွက်ပါ စဉ်းစားသင့်တဲ့မဟာဗျူဟာတစ်ခု ဖြစ်ပါ တယ်။ အစိုးရတစ်ခုတည်းက ကျန်းမာရေးကဏ္ဍအ တွက် လိုအပ်တဲ့ အရင်းအနှီး၊ နည်းပညာ၊ ဝန်ထမ်းနဲ့ စီမံခန့်ခွဲမှုစွမ်းရည်အားလုံးကို ဖြည့်ဆည်းပေးဖို့ခက်ခဲ နိုင်ပါတယ်။ ဒီအခါ ပုဂ္ဂလိကကဏ္ဍရဲ့အားသာချက်တွေ ကို စနစ်တကျ ပေါင်းစပ်အသုံးချခြင်းအားဖြင့် ရှိပြီး သားအရင်းအမြစ်တွေကို ပိုမိုထိရောက်စွာအသုံးပြုနိုင် ပြီး ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း ပိုမိုကျယ် ပြန့်စွာပေးအပ်နိုင်ပါတယ်။
ဒါပေမဲ့ PPP ကိုအသုံးချတယ်ဆိုတာ အစိုးရရဲ့ တာဝန်ကို ပုဂ္ဂလိကကဏ္ဍဆီလွှဲပေးလိုက်တာမဟုတ် ပါဘူး။ အစိုးရဟာ ပြည်သူ့ကျန်းမာရေးအတွက် အဓိ ကတာဝန်ယူထားရဆဲဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍကလည်း စာချုပ်ပါတာဝန်တွေနဲ့ အရည်အသွေးစံနှုန်းတွေကို ပြည့်မီအောင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ဝင်ငွေနည်းသူတွေ၊ ကျေးလက်နဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာနေထိုင်သူတွေ၊ မသန် စွမ်းသူတွေနဲ့ တခြား ထိခိုက်လွယ်တဲ့လူအုပ်စုတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေကနေ ချန်လှပ်မထားဖို့ အရေးကြီးပါတယ်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေတိုးလာပေမယ့် ဝန်ဆောင်မှုကုန်ကျစရိတ် အလွန်မြင့် တက်လာမယ်၊ လူနာတွေကို ဝင်ငွေအပေါ်မူတည်ပြီး ခွဲခြားဆက်ဆံမယ်ဆိုရင် PPP ရဲ့ မူလရည်ရွယ်ချက် ကို ပြည့်မီတယ်လို့မဆိုနိုင်ပါဘူး။
ဒါကြောင့် PPP ကို အကောင်အထည်ဖော်ရာမှာ ရင်းနှီးမြှုပ်နှံမှုတိုးလာခြင်းနဲ့ အမြတ်အစွန်းရရှိခြင်းကို သာမကြည့်ဘဲ ပြည်သူတွေအတွက် ဘယ်လောက်အ ကျိုးရှိသလဲဆိုတာကို အဓိကထားရပါမယ်။ ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ပွင့်လင်းမြင်သာတဲ့ စာချုပ် စနစ်တွေ၊ သင့်တော်တဲ့ငွေကြေးထောက်ပံ့မှုနဲ့ ထိ ရောက်တဲ့ စောင့်ကြည့်အကဲဖြတ်မှုတွေရှိဖို့လည်း လို အပ်ပါတယ်။
နောက်ဆုံးမှာ ကျန်းမာရေးကဏ္ဍရဲ့ အောင်မြင်မှု ဆိုတာ ဆေးရုံအဆောက်အအုံတွေ ပိုများလာတာ၊ ခေတ်မီစက်ပစ္စည်းတွေတပ်ဆင်လာတာနဲ့ပဲ တိုင်းတာ လို့မရပါဘူး။ ပြည်သူတိုင်းဟာ ဘယ်ဒေသမှာပဲ နေ ထိုင်နေထိုင်၊ ဝင်ငွေဘယ်လောက်ပဲရရှိရရှိ လိုအပ်တဲ့ အချိန်မှာ လုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးဝန်ဆောင်မှုကို ငွေကြေးအခက်အခဲမကြုံ တွေ့ဘဲရရှိနိုင်ဖို့ကသာ အဓိကဖြစ်ပါတယ်။ ဒီရည်မှန်း ချက်ကိုအကောင်အထည်ဖော်နိုင်ဖို့ အစိုးရနဲ့ပုဂ္ဂလိက ကဏ္ဍတို့ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါတဲ့နည်း လမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
အရေးကြီးတာက ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးတွေကို လုပ်ငန်းရှင်တွေနဲ့ အစိုးရအဖွဲ့ အစည်းတွေတင်မကဘဲ ပြည်သူအားလုံး တန်းတူခံ စားနိုင်ဖို့ဖြစ်ပါတယ်။ အဲဒီလို ပြည်သူ့အကျိုးစီးပွား ကိုဦးစားပေးပြီး PPP ကို စနစ်တကျအကောင်အထည် ဖော်နိုင်မှသာ ကျန်းမာရေးစနစ်ကို ပိုမိုခိုင်မာစေပြီး ရေရှည်တည်တံ့တဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အ ထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်း အကြံပြုရေး သားလိုက်ရပါတယ်။

မူရင်းသတင်း — NP News