ဖလမ်း နိုဝင်ဘာ ၁၉
အကြမ်းဖက် သောင်းကျန်းသူများကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဖလမ်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြေထိန်းနံရံ တည်ဆောက်ပြီးစီးပြီး ဆိုလာမီးတပ်ဆင်ထားရှိ၍ ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ဝန်ထမ်းအိမ်ရာများ ရာနှုန်းပြည့်ပြုပြင်ပြီးစီးသဖြင့် ဝန်ထမ်းများ အခြေချနေထိုင်နေကြပြီ ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့် အတူ ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ထမ်းအိမ်ရာများကိုလည်းကောင်း၊ မြို့နယ်ဦးစီးမှူးရုံး၊ အဆောက်အအုံ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ မှတ်ပုံတင်လာရောက် လျှောက်ထားသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။
မြို့နယ်ဦးစီးမှူးရုံးတွင် အသက် (၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ပြားများဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီးပျောက်ဆုံးသူများအား မိတ္တူဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပျက်စီးပျောက်ဆုံးသူများအား မိတ္တူ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ ခွဲထွက်၊ ပြောင်းဝင်/ပြောင်းထွက်၊ မွေးတိုး/ သေဆုံးစာရင်းများ ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် စာရင်းစစ်ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် ရုံးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် လမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိရုံး အဆောက်အအုံ ရာနှုန်းပြည့် ပြုပြင် ပြီးစီးမှု၊ ဆိုလာမီးများ တပ်ဆင်ပြီးစီးမှုနှင့် ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ ဝန်ထမ်းအိမ်ရာသည် နှစ်(၁၀၀)ကျော် အဆောက်အအုံဖြစ်သည့်အတွက် မူလလက်ရာမပျက် ထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်