ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ အစီအစဉ်သို့ တက်ရောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၀၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၅ တို့နှင့်အညီ အစိုးရသစ်နိုင်ငံ့တာဝန်ယူပြီး ရက်ပေါင်း ၂၂၂ ရက်ပြည့်မြောက်သည့်ကာလ၌ နိုင်ငံတော်၏ မူဝါဒများနှင့် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်တို့နှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသည်။
နိုင်ငံတော်သမ္မတက နိုင်ငံတော်အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းပြီး မိန့်ခွန်းပြောကြားခဲ့ရာတွင် “လက်ရှိအချိန်တွင် မိမိတို့ကြုံတွေ့နေရသည်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာပင်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတပါက မည်သည့်နိုင်ငံပင်ဖြစ်စေ ပစ္စည်းရှားပါးပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာ ဖြစ်ပေါ်နေသည်ကို ခေတ်အဆက်ဆက်တွင် လေ့လာတွေ့ရှိနိုင်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ ကြီးမြင့်ခြင်းကြောင့်လည်း ကုန်ဈေးနှုန်းများ ကြီးမြင့်နိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ ကုန်ပစ္စည်းများရရှိနိုင်မည်ဖြစ်ပြီး ကုန်ပစ္စည်းမရှိပါက ရောင်းကုန်များ မရရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် မြို့ပြနေလူဦးရေ ၁၅ သန်းခန့်ရှိပြီး နေ့စဉ်စားသုံးရန်အတွက် ကြက်ဥအလုံးရေ ၁၅ သန်းခန့်လိုအပ်ကြောင်း၊ ဥနှုန်း ၈၀ ရာခိုင်နှုန်းရှိ ဥစားကြက် သန်း ၂၀ ခန့်မွေးမြူရန်၊ ဥနှုန်း ၇၀ ရာခိုင်နှုန်းဆိုပါက ဥစားကြက် ၂၂ သန်းခန့်၊ ဥနှုန်း ၆၀ ရာခိုင်နှုန်းဆိုပါက ဥစားကြက် ၂၅ သန်းခန့်လိုအပ်ကြောင်း၊ အဆိုပါအချက်ကို ဥပမာယူပြီး ဒေသအလိုက် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေး မွေးမြူရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားသည်။
အခြားနိုင်ငံများတွင် ပြည်တွင်းစားရေးကို အထောက်အကူပြုနိုင်မည့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ထုတ်လုပ်မှုနှင့် စားသုံးမှု မျှတစေရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်သွားကြရမည်။ ဒေသအလိုက်ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန် ဆန်ကွဲ၊ ဖွဲ၊ ပြောင်း၊ ပဲဖတ်များကို အသုံးပြု၍ တိရစ္ဆာန်အစာများထုတ်လုပ်ပြီး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ မြန်မာနိုင်ငံတွင် စားရေးကို အထောက်အကူပြုစေမည့် မွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်အောင်ထုတ်လုပ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်သည်။ အစိုးရအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးကို အထောက်အကူဖြစ်စေမည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်ရေးအတွက် မီးရထားဖြင့် ကုန်ရထားပြေးဆွဲခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိကာလတွင် ကမ္ဘာပေါ်၌ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအရ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်မှုများ မရှိစေရန်အတွက် ပြည်ပမှစက်သုံးဆီတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုထားသည်။ အလားတူ ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများ တင်သွင်းရာတွင် အခွန်နှုန်းထားများလည်း လျှော့ချပေးထားသည်။ နိုင်ငံတော်အနေဖြင့် ပြည်တွင်းကုန်ဈေးနှုန်းကျဆင်းရေး ဆောင်ရွက်ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာအောင် ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်လာစေရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ဖန်တီးပေးရန်နှင့် လုပ်ငန်းရှင်များက အရင်းအနှီးများထည့်ဝင်ပြီး အလုပ်အကိုင်နှင့် ကုန်ထုတ်လုပ်မှုများကို ဖော်ဆောင်ပေးရန်လိုသည်။ နိုင်ငံတော်သမ္မတ၏ ပြည်ပခရီးစဉ်များတွင် မြန်မာနိုင်ငံသို့ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ လာရောက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပြီး အချို့နိုင်ငံကြီးများအနေဖြင့် အစိုးရနှင့် လာရောက်ဆွေးနွေးကာ ဆောင်ရွက်နေကြပြီဖြစ်သည်။
အစိုးရအနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၆၈ ခု ခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၃၁၁၃ ခုကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။ နိုင်ငံအတွင်း စိုက်ပျိုးမြေများ လုံလောက်စွာရှိသကဲ့သို့ ရေအရင်းအမြစ်များလည်း ပေါများကြွယ်ဝစွာ တည်ရှိသည်။ စိုက်ပျိုးမြေ၊ စိုက်ပျိုးရေကို အပြည့်အဝ အသုံးချနိုင်ခြင်းမရှိသေးဘဲ အချည်းနှီးများစွာရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ရှိပြီးဖြစ်သည့် မြေသယံဇာတ၊ ရေသယံဇာတများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် စနစ်တကျ အသုံးချ ဆောင်ရွက်သွားမည်ဆိုပါက စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ယခုထက်များစွာ တိုးတက်အောင် ဆောင်ရွက်နိုင်ပြီး ကုန်ဈေးနှုန်းကျဆင်းရေးကို များစွာ အထောက်အကူပြုမည်ဖြစ်သည်။ အဓိကလိုအပ်ချက်မှာ အားလုံးက အမှန်တကယ် အလုပ်လုပ်ကြရန်နှင့် အလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး နိုင်ငံတော်အစိုးရက ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါကြောင်း။ ။