Xinhua Myanmar

မှန်ချပ်ထောင်ပေါင်းများစွာက သဲကန္တာရကို နေရောင်ခြည်ဖမ်းယူရာ ပင်လယ်ပြင်တစ်ခုအဖြစ် အသွင်ပြောင်းလဲပေး

ကျိုချွမ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် ကျိုချွမ်မြို့၏ ကျယ်ပြောလှသော သဲကန္တာရလွင်ပြင်ကြီးအလယ်တွင် ဟီးလီယိုစတက်တ်စ် (heliostats) မှန်ချပ်ပေါင်း သောင်းနှင့်ချီ၍ စနစ်တကျ တန်းစီတည်ရှိနေကြပြီး ခမ်းနားထည်ဝါလှသော ငွေရောင် "မှန်ရေကန်ကြီး" တစ်ခုအလား ဖန်တီးဖြစ်ပေါ်နေသည်။

တစ်နေ့တာပတ်လုံး နေသွားရာလမ်းကြောင်းအတိုင်း လိုက်ပါရွေ့လျားနေသည့် အဆိုပါမှန်ချပ်များသည် နေရောင်ခြည်ကို ဖမ်းယူစုစည်းပေးပြီး နေစွမ်းအင်မှ အပူစွမ်းအင်အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် သန့်စင်သော လျှပ်စစ်စွမ်းအင်အဖြစ်သို့လည်းကောင်း ပြောင်းလဲထုတ်လုပ်ပေးလျက်ရှိသည်။ (Xinhua)

……………………………………..

(English Version)

Thousands of mirrors turn the desert into a sea of sun catchers

Amid the vast desert wilderness of Jiuquan, northwest China's Gansu Province, tens of thousands of heliostats stand in orderly formation, creating a spectacular silver "mirror lake."

Following the sun throughout the day, these mirrors capture and concentrate sunlight, converting solar energy into heat and then into clean electricity.

မူရင်းသတင်း — Xinhua Myanmar