နိုဝင်ဘာ ၂၀
ဩစတြေးလျနိုင်ငံ အနောက်ဩစတြေးလျပြည်နယ် အာဏာပိုင်များသည် ပါ့သ်မြို့ (Perth) ၏ မြောက်ပိုင်းဆင်ခြေဖုံးဒေသများတွင် ယနေ့ မွန်းလွဲပိုင်းက ထိန်းချုပ်မရသေးသော တောမီးလောင်ကျွမ်းမှု ဖြစ်ပွားနေခြင်းကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့သည်။
မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အသင့်ပြင်ဆင်ထားကြရန်လည်း အာဏာပိုင်များက သတိပေးညွှန်ကြားထားသည်။
မီးသတ်နှင့် အရေးပေါ်ဝန်ဆောင်မှုဌာနက ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၂၀ မိနစ်အပြီး မကြာမီ ထုတ်ပြန်ခဲ့သော သတိပေးချက်တွင် ပါ့သ်မြို့လယ်၏ အရှေ့မြောက်ဘက် ၃၅ ကီလိုမီတာခန့်တွင် လောင်ကျွမ်းနေသော မထိန်းချုပ်နိုင်သော တောမီးအနီးရှိ ဒေသခံများအနေဖြင့် ထွက်ခွာရန် ပြင်ဆင်သင့်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဒေသတွင် တောမီးလောင်ကျွမ်းနေပြီး အခြေအနေများလည်း ပြောင်းလဲလာနေသဖြင့် လူ့အသက်များနှင့် နေအိမ်များကို ထိခိုက်ဆုံးရှုံးစေနိုင်သည့် အန္တရာယ်ရှိလာနိုင်ကြောင်း အာဏာပိုင်များက သတိပေးပြောကြားခဲ့သည်။
မီးသတ်နှင့် အရေးပေါ်ဝန်ဆောင်မှုဌာနက မိမိတို့၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ယင်းနေရာတွင် ဆက်လက်နေထိုင်မည့်သူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အသင့်ဖြစ်နေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အကာအကွယ်ပေးနိုင်သည့် အဝတ်အစားများနှင့် သီးခြားအသုံးပြုနိုင်သော ရေအရင်းအမြစ်တစ်ခုကိုလည်း ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းခဲ့သည်။
နောက်ဆုံးအဆင့် ပြင်ဆင်မှုများကို ယခုပင် အပြီးသတ်လုပ်ဆောင်ပြီး မိမိတို့၏ နေအိမ်နှင့် ပိုင်ဆိုင်မှုဝန်းကျင်ကို လှည့်လည်စစ်ဆေးကာ မီးစွဲလောင်မှုအသေးစားများကို ငြှိမ်းသတ်ရန် အသင့်ပြင်ထားပါဟု သတိပေးချက်တွင် ဖော်ပြထားသည်။
မြေပြင်တွင် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များကို မီးငြှိမ်းသတ်ရေးလေယာဉ်များကလည်း ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို