
ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
"ကုန်သွယ်မှုရှိရာ အရပ်၌ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိသည်"
နာမည်ကျော် အမေရိကန် စီးပွားရေးပညာရှင် ဂျက်ဖရီ ဆက်စ်အတွက် ဤအယူအဆမှာ ရိုးရှင်း၍ ပြတ်သားလှပြီး ကမ္ဘာ့စီးပွားရေးသည် တစ်ဖက်က အသာရလျှင် အခြားတစ်ဖက်က ဆုံးရှုံးနစ်နာရသည့် အခြေအနေ မဖြစ်ရပေ။ "ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲဆိုတာကို ရွေးချယ်ရမှာမဟုတ်ပါဘူး။ ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်မှုကနေ အားလုံး အနိုင်ရနိုင်ပါတယ်" ဟု ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် ၎င်းက စိတ်အားထက်သန်စွာ ပြောကြားခဲ့သည်။
“ဘုံသာယာဝပြောရေးနှင့် ဘုံအနာဂတ်ကို အတူတကွ ဖော်ဆောင်ကြပါစို့” ဟူသော ဆောင်ပုဒ်ဖြင့် တရုတ်နိုင်ငံ တောင်ပိုင်း ဆန်းကျန့်မြို့ကြီးတွင် ကျင်းပသည့် ယခုနှစ် APEC စီအီးအို ထိပ်သီးအစည်းအဝေးသို့ APEC အဖွဲ့ဝင် စီးပွားရေးအစုအဖွဲ့ ၂၁ ခုနှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ဆွစ်ဇာလန်တို့ အပါအဝင် APEC အဖွဲ့ဝင်မဟုတ်သော စီးပွားရေးအစုအဖွဲ့ ၁၃ ခုတို့မှ ကိုယ်စားလှယ်ပေါင်း ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးကျင်းပရာနေရာ၌ ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းများတွင် အစည်းအဝေး တက်ရောက်လာသူ အများအပြားက လွတ်လပ်သော ကုန်သွယ်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် ၎င်းတို့၏ သဘောထားအမြင်များကို မျှဝေခဲ့ကြရာ အာရှ-ပစိဖိတ်ဒေသ၏ ပြောင်းလဲတိုးတက်နေသော စီးပွားရေးအခင်းအကျင်းနှင့် ယင်းမှပေါ်ထွက်လာမည့် အခွင့်အလမ်းများအပေါ် စီးပွားရေးခေါင်းဆောင်များ၏ ရှုမြင်ပုံများကို ဖော်ထုတ်ပေးလျက်ရှိသည်။
ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
လွန်ခဲ့သော နှစ်ပေါင်း ၇၅၀ က မာကိုပိုလို၏ ခရီးစဉ်ကို စိတ်ကူးစိတ်သန်းရယူထားသော လမ်းကြောင်းအတိုင်း BYD လျှပ်စစ်မော်တော်ယာဉ်များဖြင့် အီတလီနိုင်ငံမှ တရုတ်နိုင်ငံသို့ ကီလိုမီတာ ၁၅,၀၀၀ ခရီးနှင်ခဲ့သည့် အတွေ့အကြုံကို ဆက်စ်က ပြန်လည်ပြောပြခဲ့သည်။ "သူက မြင်းစီးပြီးသွားပေမဲ့ ကျွန်တော်ကတော့ မြင်းကောင်ရေ ၈၀၀ အားနဲ့ သွားခဲ့တာလေ။ အဲဒါက ကြီးမားတဲ့တိုးတက်ပြောင်းလဲမှုပေါ့" ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261119/5904e41504d14dbe807209e1acbc536c/c.html


..................................
(English Version)
World Insights: "Where there is trade, there is mutual benefit" -- perspectives from APEC CEO Summit
SHENZHEN, Nov. 19 (Xinhua) -- "Where there is trade, there is mutual benefit."
For renowned U.S. economist Jeffrey Sachs, the idea is simple and clearcut: the global economy need not be a zero-sum game. After attending the 2026 APEC CEO Summit, he made the point with evident enthusiasm: "It's not that we have to choose who wins and who loses. Everybody can win through peaceful cooperation."
With the theme "To Prosper and Win the Future Together," this year's APEC CEO Summit in Shenzhen, a southern Chinese metropolis, brought together more than 2,000 representatives from 21 APEC economies and 13 non-APEC economies, including Britain, France, Germany and Switzerland.
In interviews with Xinhua on site, several attendees shared their perspectives on free trade, innovation and cooperation, offering insights into how business leaders view the region's evolving economic landscape and the opportunities it presents.
INNOVATION COOPERATION
Sachs recounted his journey from Italy to China riding BYD electric vehicles, covering 15,000 km along a route inspired by Marco Polo's journey 750 years ago. "He went by horse, I went by 800 horsepower. This is the breakthrough," he said.
https://english.news.cn/20261119/5904e41504d14dbe807209e1acbc536c/c.html
Photo caption 1: The opening ceremony of the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 is held in Shenzhen, south China's Guangdong Province, Nov. 18, 2026. (Xinhua/Xie Huanchi)
Photo caption 2: This photo taken on Nov. 19, 2026 shows the International Communication Center of Shenzhen, the venue of the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting, in Shenzhen, south China's Guangdong Province. (Xinhua/Xing Guangli)