
လန်ကျိုး၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများ အောင်မြင်မှုအရှိန်အဟုန်ကို ထိန်းသိမ်းရန်၊ ဆင်းရဲတွင်းသို့အလုံးအရင်းဖြင့် ပြန်လည်ကျရောက်မှုမဖြစ်ပွားအောင် ကာကွယ်ရန်နှင့် ကျေးလက်ဒေသအားလုံးတစ်ပြေးညီ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်သွားရန် တရုတ်ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးက တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ လျိုကော်ကျုံးသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်သို့ နိုဝင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ သွားရောက်လေ့လာစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုတွင် ပုံမှန်အကူအညီပေးရေးလုပ်ငန်းများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ၎င်းက ဦးဆောင်ကျင်းပခဲ့သည်။
လုန်နန်မြို့ရှိ ထန့်ချန်း ခရိုင်၊ ဝန်ရှန့် ခရိုင်နှင့် ဝူတူး ခရိုင်တို့တွင် လျိုကော်ကျုံးသည် ဆင်းရဲတွင်းသို့ ပြန်လည်ကျရောက်ခြင်းကို တားဆီးရန် စောင့်ကြည့်လေ့လာရေးစနစ်၊ စက်မှုလုပ်ငန်းနှင့် အလုပ်အကိုင်ဆိုင်ရာ အထောက်အပံ့ပေးရေးလုပ်ငန်းများ၊ အရှေ့-အနောက် ဒေသချင်းပူးပေါင်းဆောင်ရွက်မှုနှင့် ဗဟိုအစိုးရဌာနများက ရည်မှန်းဆောင်ရွက်သည့် အကူအညီပေးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယခုနှစ်သည် ပုံမှန်အကူအညီပေးရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်သည့် ပထမနှစ်ဖြစ်ကြောင်း၊ ယင်းနှင့်သက်ဆိုင်သည့် မူဝါဒများနှင့် အစီအမံအားလုံးကို စနစ်တကျဖြင့် အသေးစိတ်ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ကျေးလက်ဒေသနေပြည်သူများ၏ လူနေမှုဘဝကို ဆက်လက်မြှင့်တင်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒေသန္တရ အခြေအနေများနှင့်ကိုက်ညီသည့် အထောက်အကူပြုစက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ရန်၊ ကျွမ်းကျင်မှုသင်တန်းများနှင့် လုပ်သားအင်အား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းခိုင်မာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးချဲ့နိုင်ရေး အစွမ်းကုန်ကြိုးပမ်းရန် လိုအပ်ကြောင်း လျိုက ပြောကြားခဲ့သည်။
ထို့ပြင် ခရိုင်အဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ရှေးယခင်တော်လှန်ရေးအခြေစိုက်ဒေသများ ၊ တိုင်းရင်းသား လူနည်းစုဒေသများနှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအရှိန်မြှင့်တင်ရာတွင် ကူညီပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် အကောင်အထည်ဖော်ခဲ့သည့် “ကျေးလက်ဒေသပြန်လည်စိမ်းလန်း၊ ရှင်သန်ဖွံ့ဖြိုးရေးအစီအစဉ်” မှ ရရှိခဲ့သောအတွေ့အကြုံများကို အသုံးပြုလျက် နေထိုင်၊လုပ်ကိုင်ချင်စဖွယ် လှပ၊အေးချမ်းသော ကျေးလက်ဒေသများ တည်ဆောက်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးက ထပ်လောင်းတိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
…………………………………………………………
(English version)
Chinese vice premier urges steadily advancing rural revitalization
LANZHOU, Nov. 19 (Xinhua) -- Chinese Vice Premier Liu Guozhong has called for consolidating poverty alleviation achievements, preventing large-scale relapse into poverty, and steadily advancing rural revitalization across the board.
Liu, who is also a member of the Political Bureau of the Communist Party of China Central Committee, made the remarks during a research tour from Monday to Thursday in northwest China's Gansu Province. He chaired a symposium on regular assistance work in five provinces and autonomous regions in northwest China.
In Longnan's Tanchang County, Wenxian County and Wudu District, Liu inspected the monitoring system to prevent relapse into poverty, industrial and employment assistance, east-west collaboration, and targeted assistance by central government agencies.
This year marks the first year of implementing regular assistance. Efforts must be made to carry out all related policies and measures in a meticulous and thorough manner, and continue to improve the lives of rural residents, he said.
It is necessary to promote the upgrading of assistance industries in accordance with local conditions, strengthen skills training and labor cooperation, and spare no effort to expand employment channels, Liu noted.
Also, work should be done to develop the county-level economy and help accelerate the development of old revolutionary base areas, ethnic minority areas and border areas, he said.
The vice premier, in addition, stressed applying the experience gained from the Green Rural Revival Program in Zhejiang Province in east China to build a beautiful and harmonious countryside that is desirable to live and work in. ■
Photo caption: Chinese Vice Premier Liu Guozhong, also a member of the Political Bureau of the Communist Party of China Central Committee, attends a meeting on the current grain production situation held at the Ministry of Agriculture and Rural Affairs in Beijing, capital of China, May 22, 2026. (Xinhua/Yue Yuewei)