
ကျောက်ကြီး ၊ နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းက "ကျော်ကြား" စက်သုံးဆီအရောင်းဆိုင်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစီမံမှုဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ဧကများရိတ်သိမ်းရန်နှင့် ဆောင်းသီးနှံစိုက်ပျိုးထွန်ယက်ရန် လိုအပ်သောဒီဇယ်ဆီများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် "ကျော်ကြား" စက်သုံးဆီအရောင်းဆိုင်မှ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ဧကများရိတ်သိမ်းရန်နှင့် ဆောင်းသီးနှံစိုက်ပျိုးထွန်ယက်နိုင်ရန်အတွက် လိုအပ်သော ဒီဇယ်ဆီများအား (၁) ဧကလျှင် (၂) ဂါလံနှုန်းဖြင့်၊ မိုးစပါးစိုက်တောင်သူများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး၊ ကျောက်ကြီးမြို့နယ်၌ မိုးစပါးစိုက် ခန့်မှန်းတောင်သူဦးရေ (၁၂၉၉၂) ဦး၊ ခန့်မှန်းမိုးစပါးစိုက်ဧက (၇၂၄၈၂) ဧကရှိကြောင်း၊ ယခုအချိန်မှာ ဒေသခံတောင်သူများ စပါးရိတ်သိမ်းနှင့် ဆောင်းသီးနှံစိုက်ပျိုးရာတွင် ရိတ်သိမ်းချွေလှေ့စက်များ အသုံးပြုနိုင်ရန်အတွက် စက်သုံးဆီအခက်အခဲမဖြစ်ပေါ်စေရန်ရည်ရွယ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကသိရပြီး စက်သုံးဆီရောင်းချနေမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost