Myanmar Digital News

၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၁

လှေလှော်အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်
အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ “၂ဝ၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ” ကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်ယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား+အမျိုးသမီး မီတာ(၂၀၀) (၁၀)တက်လှေပြိုင်ပွဲ၊ အမျိုးသား မီတာ(၂၀၀) (၁၀)တက်လှေပြိုင်ပွဲနှင့် အမျိုးသမီး မီတာ(၂၀၀) (၁၀)တက်လှေပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား+အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (၁၀)တက်လှေပြိုင်ပွဲတွင် စံချိန် ၅၂.၄၇ စက္ကန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ စံချိန် ၅၃.၃၉ စက္ကန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီး အသင်းက ဒုတိယ၊ စံချိန် ၅၆.၈၅ စက္ကန့်ဖြင့် ပဲခူးတိုင်းဒေသကြီးအသင်းက တတိယ ရရှိခဲ့သည်။

အမျိုးသား မီတာ(၂၀၀)ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (၁၀)တက်လှေပြိုင်ပွဲတွင် စံချိန် ၅၀.၃၂ စက္ကန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပထမ၊ စံချိန် ၅၁.၇၃ စက္ကန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၅၂.၆၂ စက္ကန့်ဖြင့် မန္တလေးတိုင်းဒေသကြီးအသင်းက တတိယ ရရှိခဲ့သည်။

အမျိုးသမီး မီတာ(၂၀၀) ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (၁၀)တက်လှေပြိုင်ပွဲတွင် စံချိန် ၅၇.၉၂ စက္ကန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပထမ၊ စံချိန် ၅၈.၇၈ စက္ကန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၁ မိနစ် ၁.၉၂ စက္ကန့်ဖြင့် ရှမ်းပြည်နယ်အသင်းက တတိယ ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့်အသင်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာ ယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ရွှေတံဆိပ်(၂)ခုစီဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆု ရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၁)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက တံခွန်စိုက်ဒိုင်းဆုများနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ၂၀၂၆ ခုနှစ် “တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲ” ကို နိုဝင်ဘာလ ၁၉ ရက်မှ
၂၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ အင်ယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၉ သင်း၊ အမျိုးသမီးအသင်း ၇ သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အင်အား ၂၄၆ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News