
ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ အစိုးရဌာနက နိုဝင်ဘာ ၂၀ ရက်တွင် ယင်းနေ့မတိုင်မီ တစ်ရက်က ကျင်းပခဲ့သည့် တက္ကသိုလ်ပညာသင်ယူနိုင်စွမ်း စာမေးပွဲ (တက္ကသိုလ်ဝင်တန်း စာမေးပွဲ) တွင် ဉာဏ်ရည်တု (AI) ကိရိယာများ အသုံးပြု၍ စာခိုးချခြင်းကို တားဆီးရန် အသစ်ချမှတ်ထားသည့် သက်ဆိုင်ရာအစီအမံများကို ဖော်ဆောင်ခြင်းမှတစ်ဆင့် စမတ်ပစ္စည်းကိရိယာများကို စည်းကမ်းဖောက်ဖျက် ယူဆောင်လာသည့် စာမေးပွဲဖြေဆိုသူ ၁၁၁ ဦးကို စစ်ဆေးဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ ပညာရေးဝန်ကြီးဌာနက စာခိုးချသည့် ဖြေဆိုသူ ၁၁၁ ဦးအနက် ၅၄ ဦးသည် မိုဘိုင်းဖုန်းကို ခန္ဓာကိုယ်ပေါ် သို့မဟုတ် လွယ်အိတ်အတွင်း ဝှက်ထားခဲ့ကြပြီး အစိုးရက ပေးပို့သည့် စာခိုးချမှု တားဆီးရေး “ဘေးအန္တရာယ် သတိပေးချက်” မြည်သဖြင့် ဖော်ထုတ်ခံခဲ့ရခြင်းဖြစ်သည်။ စာမေးပွဲဖြေဆိုသူ ၅၂ ဦးသည် စာမေးပွဲ ကြီးကြပ်သူများက ကြိုးမဲ့ကွန်ရက် အချက်ပြစစ်ဆေးခြင်းစသည့် စစ်ဆေးမှုများ ပြုလုပ်စဉ် ဖော်ထုတ်ခံခဲ့ရသည်။ နောက်ထပ် ၅ ဦးကို စမတ်မျက်မှန်နှင့် အသေးစား ကင်မရာစသည့် ကိရိယာများ အသုံးပြု၍ စာခိုးချစဉ် လက်ပူးလက်ကြပ် ဖမ်းမိခဲ့ရသည်။ ပညာရေးဝန်ကြီးဌာနက ဤခိုးချမှု ဖြစ်ရပ်များကို တစ်ခုချင်း စစ်ဆေးမည်ဖြစ်ပြီး သင့်လျော်သည့် ရေးယူမှုအစီအမံများကို ကျင့်သုံးမည်ဟု ကြေညာခဲ့သည်။
မကြာသေးမီကာလတွင် တောင်ကိုရီးယား၌ AI ကိရိယာများ အသုံးပြု၍ စာခိုးချသည့် ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး ပြည်သူများအကြား ကျယ်ပြန့်သော စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ် Han Seong-sook သည် နိုဝင်ဘာ ၇ ရက်တွင် စာခိုးချမှု တားဆီးရေး အစီအမံချက်များကို ထုတ်ပြန်ခဲ့ပြီး ၎င်းတွင် ဖြေဆိုသူများ မိုဘိုင်းလ်ဖုန်း မအပ်နှံဘဲ ရှိနေခြင်း စစ်ဆေးရန်၊ နိုင်ငံတစ်ဝန်း မိုဘိုင်းလ်ဖုန်းများသို့ ဘေးအန္တရာယ် သတိပေးချက် ပေးပို့ခြင်း ပါဝင်သည်။ တစ်ချိန်တည်းတွင် ၎င်းက စာခိုးချသည်ဟု အတည်ပြုခံရသူများသည် ၁၀ နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်ခံရမည့်အပြင် ပြစ်မှုဆိုင်ရာတာဝန်ကိုလည်း ခံယူရမည်ဟု သတိပေးခဲ့သည်။
စာမေးပွဲအမျိုးမျိုးတွင် တားမြစ်နေသည့်ကြားမှ မကြာခဏ ဖြစ်ပွားနေသော စာခိုးချမှု ဖြစ်စဉ်များကို ရင်ဆိုင်ရာတွင် တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်က နိုဝင်ဘာ ၂၀ ရက်တွင် သမ္မတရုံး အိမ်ပြာတော်၌ အစည်းအဝေးကျင်းပကာ သက်ဆိုင်ရာဌာနများအား AI ကုမ္ပဏီလုပ်ငန်းများနှင့် ပူးပေါင်းကာ ယခင်ကျင်းပခဲ့သည့် စာမေးပွဲများတွင် ဖြစ်ပွားခဲ့နိုင်ခြေရှိသော မည်သည့်စာခိုးချမှုမျိုးကိုမဆို ခြွင်းချက်မရှိ စစ်ဆေးဖော်ထုတ်ရန်နှင့် စာခိုးချသူများအား ပြင်းထန်သော ပြစ်ဒဏ်အစီအမံများ ချမှတ်ရန် တောင်းဆိုခဲ့သည်။ AI နည်းပညာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေတွင် စာခိုးချမှုနည်းလမ်းအသစ်များ အဆက်မပြတ် ပေါ်ထွက်လာခြင်းကြောင့် စာမေးပွဲ တရားမျှတရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကို ဘက်စုံ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ (Xinhua)
…………………
(Chinese Version)
韩国高考实施反AI作弊举措 百余名考生违规被查
新华社北京11月20日电 韩国政府部门20日说,在前一日举行的大学修学能力考试(即高考)中,通过新实施的防止使用人工智能(AI)工具作弊相关举措,查处了111名违规携带智能设备的考生。
韩国教育部说,在111名作弊考生中,有54人将手机藏在身上或书包内,因手机在政府发送反作弊“灾难警报”时响铃被发现;52人在监考人员进行无线网络信号探测等检查时被发现;还有5人在使用智能眼镜和微型摄像头等设备作弊时被抓现行。教育部宣布将逐一调查这些作弊事件,并采取相应处罚措施。
近期,韩国发生多起利用AI工具作弊事件,引发民众广泛担忧。韩国总理韩圣淑17日公布一系列防作弊举措,包括在全国范围内向手机发送灾难警报,以排查是否有考生未上交手机。她同时警告,查实作弊者10年内不得参加高考,还将承担刑事责任。
面对各类考试中屡禁不止的作弊现象,韩国总统李在明20日在总统府青瓦台召开会议,要求有关部门与AI企业合作,彻查过往考试中可能存在的任何作弊行为,对作弊者采取严厉惩罚措施。他还呼吁对高考制度实施全面改革,以应对AI技术快速发展下新型作弊手段层出不穷对考试公平带来的挑战。
图说:11月19日,考生走入韩国首尔的一处考场。新华社发(朴晋泽摄)