
သာကေတ ၊ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန့်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ECO LOOP တို့ပူးပေါင်းဖွင့်လှစ်သည့် EV (Electric Vehicle) နည်းပညာနှင့် ပြုပြင်ထိန်းသိမ်းရေးသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ လူငယ်စင်တာ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ၊ သင်တန်နည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆရာများအား ဂုဏ်ပြုလက် ဆောင်ကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် EV (Electric Vehicle) နည်းပညာနှင့် ပြုပြင်ထိန်းသိမ်းရေးသင်တန်းတွင် လှုပ်ရှားဆောင်ရွက်ခဲ့မှုမှတ်တမ်း Video Clip ပြသပြီး သင်တန်း တက်ရောက်ကြသည့်သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ သင်တန်းကို လူငယ်များအနေဖြင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တို့ ဆက်စပ်မှု ပိုမိုအားကောင်းလာစေရန်နှင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများမှ ဈေးကွက်ဝင် ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၉ ရက်နေ့မှ ယနေ့အထိဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်
https://t.me/MyanmarNationalPost